ကစားသမား ဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ ဟာဇက်
---------------------------------------
ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဟာဇက် က " (၁၆)နှစ်ကြာ ပွဲပေါင်း (၇၀၀)ကျော်ကစားအပြီးမှာတော့ ကျွန်တော် ကစားသမားဘဝကနေအနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော့်အိမ်မက်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကွင်းအများအပြားမှာ ကစားခဲ့ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ကောင်းမွန်တဲ့ မန်နေဂျာတွေ၊ နည်းပြတွေနဲ့အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ပြီးအချိန်ကောင်းတွေလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အားလုံးကို သတိရနေမှာပါ " လို့ ပြောသွားခဲ့ပါတယ်။
ချယ်လ်ဆီးမှာ တစ်ခတ်ဖြစ်ခဲ့ပေမယ့် ရီးယဲလ်အရောက်မှာ ဒဏ်ရာအခြေအနေနဲ့ အဝလွန်တာတွေက ဟာဇက် ကို ထိုးနှက်သွားခဲဲ့ပြီး ကစားသမားဘဝ အနားယူခဲ့ရတဲ့ အထိဖြစ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဘောလုံးသမားတစ်ယောက်နဲ့အညီနေထိုင်ပုံ အားနည်းတာကြောင့် ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့်နည်းပြဘလန့် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေခဲ့တာပါ။
Read Moreစာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။
Read More" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် "
Read Moreမန်စီးတီးကို အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ထားတယ်ဆိုတဲ့အချက်က ဒီပွဲအတွက် စိတ်ဓာတ်ပိုင်းကိုမြင့်တက်စေပါလိမ့်မယ်။
Read Moreမန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။
Read More