နယူးကာဆယ် - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

နယူးကာဆယ် - အာဆင်နယ်

Super Sunday မနက် (၁၁:၀၀)နာရီ 

နယူးကာဆယ် က ရာသီအစမှာ နည်းနည်းလေးခက်သွားပေမယ့် လက်ရှိအချိန်ထိ ခြုံကြည့်ရင်တော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒီရာသီမှာ နယူးကာဆယ် က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကြား ဗျာများနေခဲ့ရတာပါ။ အဓိက ကစားသမား တိုနယ်လီ ကို ကာလရှည်လက်လွှတ်ရမှာဖြစ်ပေမယ့် အသင်းရဲ့ ကစားသမားအစုအဖွဲ့က သူ့နေရာကိုဖြည့်နိုင်ဖို့ရှိပြီး အာဆင်နယ်ကို ယှဥ်ကစားနိုင်စွမ်းလည်း ရှိပါတယ်။ နယူးကာဆယ် ရဲ့ အိမ်ကွင်းခြေစွမ်းတကယ်ကောင်းပြီး လီဗာပူးလ်ကိုသာ ရှုံးထးသလို တခြားပြိုင်ပွဲတွေမှာ မန်စီးတီး ၊ PSG တို့ကိုတောင် နိုင်ထားတာပါ။ ဂေါ်ဒွန် ၊ အယ်လ်မီရွန် နဲ့ ဝီလ်ဆင် တို့ရဲ့ တိုက်စစ်အစုအဖွဲ့က အာဆင်နယ်ကို ဖိအားပေးနိုင်ပါလိမ့်မယ်။ 

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်အတွက်ပဲ အကောင်းဆုံးရှေ့ဆက်နေတဲ့ အသင်းပါ။ အရန်ကစားသမားတွေ ဒီရာသီမှာပိုအားကိုးလာရတာနဲ့ အန်ကီတီယာ ပိုကောင်းတဲ့ ကစားသမားဖြစ်လာတာတွေက အားရစရာတွေပါပဲ။ တစ်ခုရှိတာကတော့ ဒီပွဲမှာ ချယ်လ်ဆီးနဲ့ပွဲတုန်းက ခြေစွမ်းမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အာဆင်နယ်အသင်း ပြိုင်ပွဲစုံဆက်တိုက်ဆိုသလိုတွေ ကစားနေရတာကြောင့် ပွဲပန်းမှုဒဏ်ကို ခံရနိုင်တာကို ထည့်စဥ်းစားဖို့လိုပါတယ်။ 

ဒီပွဲမှာတော့ နယူးကာဆယ် ကို အကြိုက်တွေ့မိပါတယ်။ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းက အာဆင်နယ် ဆီကနေ ရမှတ်ယူနိုင်မှာပါ။ နိုင်မယ့်အသင်းကို နယူးကာဆယ်လို့ ခန့်မှန်းချင်ပြီး နယူးကာဆယ် (၂ - ၁) အာဆင်နယ် ဖြစ်နိုင်ပါတယ်။

ကြည့်ကောင်းလွန်းခဲ့တဲ့ မန်ယူ လီဗာပူးလ်ပွဲ

ဘာ Plan မှမရှိဘူးဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ နည်းပြတန်ဟက် သူ့ရဲ့ Plan တွေကို အကြိမ်ကြိမ်ပြသခဲ့တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။

Read More
အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

ဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။

Read More
ဆော်ဒီ သွားကိုသွားမယ့် နေမာ

ထုံးစံအတိုင်း နေမာ ဆော်ဒီလိဂ်ကိုပဲသွားမှာပါ။

Read More
ဘိုင်ယန်မြူးနစ် ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ဒိုင်ယာ

ဘိုင်ယန်မြူးနစ်ကိုသွားဖို့ အခွင့်အရေးရတုန်းမှာ ဒိုင်ယာ က အမိအရဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။

Read More
လီဗာပူးလ် - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

အသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။

Read More