နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အယ်လ်ဘာ
------------------------------------
ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အယ်လ်ဘာ ဟာ စပိန်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ စပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုပြိုင်ပွဲ (၃)ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
အယ်လ်ဘာ ဟာ အသက်(၃၄)နှစ်အရွယ်မှာပဲ စပိန်အသင်းကနေ အနားယူခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၂)နှစ် နီးပါးကစားပေးခဲ့ပါတယ်။ စပိန်အသင်းအတွက် (၉၃)ပွဲကစား (၉)ဂိုးသွင်းယူခဲ့တဲ့ အယ်လ်ဘာ ဟာ ခရိုအေးရှားအသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိခဲ့တဲ့ Nations League ဗိုလ်လုပွဲမှာ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တာပါ။
စပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုချန်ပီယံဆု(၂၀၁၂) နဲ့ Nations League ချန်ပီယံဆု (၂၂-၂၃)တွေကို (၁)ကြိမ်စီရရှိခဲ့ပါတယ်။ အယ်လ်ဘာ ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းအတွက် အာရုံပိုစိုက်ပေးချင်တာကြောင့် အခုလို စပိန်အသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။
ဒီယွန်း က ဒီအရာတွေအားလုံးက အတုအယောင်တွေလို့သာပြောသွားခဲ့ပါတယ်။
Read Moreကွာတားဖိုင်နယ်အဆင့်မှာ အသင်းကောင်းတွေ တော်တော်များများတက်လာလို့ အရင်နှစ်တွေကထက် စိတ်ဝင်စားဖို့ပိုကောင်းပါတယ်။
Read Moreသူကတော့ အားလုံးရဲ့အချစ်တော လေတိုးရင်တောင်ဒဏ်ရာရတဲ့ အထာကြွယ်တဲ့မာစီယဲလ် ပဲ ဖြစ်ပါတယ်။
Read Moreရက်ရှ်ဖို့ဒ် ဟာ အဖျားရောဂါခံစားနေရလို့ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။
Read Moreမန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။
Read More