ရီးယဲလ်နဲ့ သတင်းတွေကြီးနေတဲ့ အလွန်ဆို
-----------------------------
လေဗာကူဆင်အသင်းနဲ့ အတူ အရည်အချင်းကောင်းတွေပြနေတဲ့ အလွန်ဆို ဟာ လက်ရှိမှာ နာမည်တော်တော်ရလာပြီ ဖြစ်ပါတယ်။ အလွန်ဆို ဟာ လေဗာကူဆင်အသင်းကို ကိုင်တွယ်တာ အချိန်တစ်ခုအကြာမှာတော့ ပိုအသားကျပြီး ပိုကောင်းလာခဲ့တဲ့ သဘောပါပဲ။
အလွန်ဆို ကိုလည်း ဖြစ်နိုင်ခြေအများကြီးရှိတဲ့ နည်းပြအဖြစ် ယူဆထားကြပါတယ်။ ဒီရာသီအစမှာလည်း အလွန်ဆို ရဲ့ လေဗာကူဆင်အသင်းဟာ အဖွင့်တော်တော်လှနေပါတယ်။ ပြိုင်ပွဲစုံ (၇)ပွဲကစား (၆)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ် ရရှိထားပြီး သွင်းဂိုး (၂၉)ဂိုးထိ သွင်းယူထားပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ (၁၃)မှတ်စီ ရမှတ်တူနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့် (၂)ရောက်နေတာပါ။ လက်ရှိမှာ အလွန်ဆို ဟာ လာမယ့်ရာသီ ရီးယဲလ် နည်းပြဖြစ်လာနိုင်တယ်လို့လည်း သတင်းကြီးနေပြီး ဖြစ်လာနိုင်ခြေရှိနေပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။
Read Moreဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။
Read Moreမန်ယူအသင်းစိတ်ဓာတ်ပိုင်းတက်နေတဲ့ အနေအထား ၊ ကစားရမှာက အိမ်ကွင်း စတာတွေကြောင့် ရမှတ်ခွဲယူမယ့်ပွဲ ပိုဖြစ်နိုင်တယ်လို့ယူဆပါတယ်။
Read Moreပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာလည်း မန်စီးတီးက (၁)ပွဲပဲနိုင်ထားတာပါ။
Read Moreမန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။
Read More