အစဥ်အလာဆိုးကိုဆက်ထိန်းသွားတဲ့ အာဆင်နယ်
---------------------------------------------
ပေါ်တို ၁ - ၀ အာဆင်နယ်
ပေါ်တူဂီမြေမှာ ပေါ်တူဂီကလပ်အသင်းတွေကိုနိုင်ဖို့ ခက်တယ်ဆိုတဲ့ အစဥ်အလာဆိုးကို အာဆင်နယ်အသင်း ဆက်ထိန်းသွားခဲ့ပါတယ်။ အဝေးကွင်းမှာ သရေရလည်း မဆိုးပါဘူးလုပ်နေတဲ့ အချိန်မှာ မထင်မှတ်ပဲ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေမြူးနေတဲ့ မာတင်နယ်လီ ၊ ထရော့ဆဒ် ၊ ဆာကာ တို့ တိုက်စစ်အတွဲကလည်း ပီပီ နဲ့ အိုတာဗီယို တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ခဲ့ပြီး ဘာဆိုဘာမှမလုပ်နိုင်ခဲ့ကြပါဘူး။
ပွဲရဲ့အနေအထားကတော့ အာဆင်နယ်က ဂိုးရဖို့ကြိုးစားတယ်။ ပေါ်တိုက ဂိုးမပေးဖို့ကြိုးစားပြီးမှ အနိုင်ရဖို့အတွက် တစ်ဆင့်စီ ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်မှာတော့ ဒီကလန်ရိုက်စ် ကလွဲရင်ကျန်တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းက ဘာမှပြောစရာကိုမရှိလောက်အောင် ပုံမှန်အောက်ရောက်ခဲ့တာပါ။ ပေါ်တိုကတော့ ပီပီ နဲ့ အိုတာဗီယို တို့ ခံစစ်ကနေ ကွင်းလယ် ၊ တိုက်စစ် တစ်ဆင့်ချင်း ကူးပြောင်းခဲ့ပြီး မာမာကျောကျော နဲ့ လျင်လျင်မြန်မြန်ကစားခဲ့ပေမယ့် ဂိုးရဖို့အတွက်ထိလောက် ကစားဟန်က မလုံလောက်ခဲ့ပါဘူး။
သရေကျဖို့များနေတဲ့ပွဲမှာ အနိုင်အရှုံး အဖြေပေါ်အောင်လုပ်ပေးခဲ့တာကတော့ တောင်ပံတိုက်စစ်ကစားသမား ဂယ်လ်လီနို ပါပဲ။ သူ့မှော်ဝင်သွားတဲ့ အချိန်မှာ ပေါ်တိုက နိုင်ပြီး အာဆင်နယ် က ရှုံးခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ် (၉၄)မိနစ်မှာ ဂယ်လ်လီနို ရဲ့ တိကျသပ်ရပ်တဲ့ အဝေးကန်ချက်က အာဆင်နယ်အသည်းကိုခွဲခဲ့တာဖြစ်ပြီး ဂိုးသမားရာယာ ရှေ့တက်နေတာကလည်း အားနည်းချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာ မဖြစ်မနေ ပြန်လာမှရပါတော့မယ်။
မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။
Read Moreမန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။
Read Moreအိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။
Read Moreအခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေရဲ့ Idol က စီရော်နယ်လ်ဒို ဖြစ်နေတာမှာသူ့ရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ထင်သာမြင်...
Read Moreခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေယူနေပြီး လူသစ်တွေနဲ့ အသွင်သစ် ချယ်လ်ဆီးကို သူဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
Read More