ပရီးမီးယားလိဂ် ဒိုင်ယာရီ (၅)
" 3 In 1 လွှမ်းမိုးသော နေ့ရက်များ "
လီဗာပူးလ်က ဝုလ်ဗ်ကို (၁-၃) ၊ဗီလာ က ပဲလေ့စ်ကို (၃-၁) ၊ ဘရိုက်တန်က မန်ယူ ကို (၁-၃) ၊ မန်စီးတီး က ဝက်စ်ဟမ်းကို (၁-၃)ဆိုတော့ ခေါင်းစဥ်အတွက် အများကြီးမလိုတော့ဘူး။ 3 In 1 လွှမ်းမိုးသော နေ့ရက်များ ဆိုတာ ကြွပါတယ်။
လီဗာပူးလ် မိုက်တယ်။ ဒီထက်ပိုပြီးဖွဲ့နွဲဲ့စရာ စကားမရှိခဲ့။ အမှားတွေ့တာနဲ့အမှန်ပြန်ပြောင်းပြီး ရလဒ်ပါပြောင်းနိုင်တဲ့ကလော့ ကတော့ ရွှေ။ ချယ်လ်ဆီးနဲ့ ပွဲအပြီးမှာ လီဗာပူးလ် ဟာ လီဗာပူးလ် အဖြစ်ပြန်လာခဲ့တယ်။ လီဗာပူးလ်ကြောင့် ဒီရာသီပရီးမီးယားလိဂ် ပိုကောင်းလိမ့်မယ်။
မန်ယူဟာ အိပ်မက်ဆိုးထဲက မနိုးသေးဘူး။ ကပ်ဘေးဆိုက်နေတဲ့ နေ့ရက်များဟာနာကျင်မှုအပြည့်။ အသင်းပတ်ပတ်လည်မှာလည်း မတူညီကွဲပြားတဲ့ ပြသနာမျိုးစုံကဝန်းရံလို့။ တန်ဟက် ဟာ ဒီလောက်ပဲလား နဲ့တန်ဟက် ကို စိတ်ရှည်ပေးကြဖို့ တွေကြားမှာကာရန်မဲ့ စကားလုံးတွေက ဖောင်းပွလို့။
နောက်ဆုံးမိနစ်တွေဆို ပျော်လား။ စပါးကတော့ ပျော်ရတယ်။ ဒီလိုနဲ့ပဲ ရှက်ဖီးလ်ကိုနိုင်ခဲ့သည်ပေါ့။ သြဂုတ်လကို လွှမ်းမိုးခဲ့တဲ့အသင်းဆိုတဲ့ အရှိန်ကလည်း ရှိတယ်မဟုတ်လား။ စပါး ဟာ စပါးပဲလား။ ဗီဇပြောင်းလဲလာတဲ့ စပါး လားဆိုတာကို ရှေ့တစ်ပတ် မြောက်လန်ဒန်ဒါဘီက အဖြေဖြစ်လိမ့်မယ်။
မန်စီးတီး ဟာ ပရီးမီးယားလိဂ်ရဲ့ ဘိုင်ယန်(သို့) PSG ဖြစ်နေပြီလား။ မာကျောတဲ့ဝက်စ်ဟမ်းတောင် ဒီလောက်ပဲရတယ်ဆို ကျန်အသင်းတွေက ထည့်မတွက်ကြေးပေါ့။ မန်စီးတီး ကိုကြည့်ရတာစိတ်ချမ်းသာတယ်။ အချိန်တန်ရင် နိုင်မယ်ဆိုတာသိနေပြီးသား။ ရဖို့မလွယ်တဲ့ ယုံကြည်မှုကို မန်စီးတီး က ရသွားခဲ့ပြီ။
အဲဗာတန် ကို ဂူဒီဆင်ပတ်မှာ မနိုင်ဘူးဆိုတာကိုမေ့လိုက်တော့။ အာဆင်နယ် ကအာဆင်နယ် ပါပဲဆိုတဲ့ အတွေးကိုလည်းမေ့လိုက်တော့။ အာဆင်နယ် ဆိုတာနဲ့အရင်ထက် ပိုမြင့်မြင့်တွေးရတော့မယ်။ လက်ရှိမှာ ဆုဖလားတွေ ရတာ မရတာထက် တန်းတစ်ခု မြင့်တက်လာခဲ့ပြီ။ ဒီလိုမျိုးမြင့်တက်လာခဲ့ပြီဆို ဆုဖလားဆိုတာနောက်ကနေ ပါလာလိမ့်မယ်။ စိတ်လေးတော့နည်းနည်း ရှည်ဖို့လိုမယ်။
ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။
Read Moreလက်ရှိ ကိုပါအမေရိကမှာတော့ ဘရာဇီးလ် ကို လူသိပ်ပြီးအထင်မကြီးပါဘူး။
Read Moreဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလ...
Read Moreဆန်ချို က မတောင်းပန်တော့ အသင်းမှာ မသုံးတော့တာ ဘာမှမဆန်းပါဘူး။
Read Moreဒီတော့ လေဗာကူဆင် နဲ့ ဘိုင်ယန်မြူးနစ် ကြား ပွဲစဥ် (၂၂)အပြီးမှာ ရမှတ်(၈)မှတ်ထိ ကွာသွားခဲ့ပါပြီ။
Read More