မန်ယူ နဲ့ ချယ်လ်ဆီးအတွက် ကျေနပ်စရာရလဒ်

Published 4 weeks ago by Bawlonelive
မန်ယူ နဲ့ ချယ်လ်ဆီးအတွက် ကျေနပ်စရာရလဒ်
----------------------------------------------------
 
မန်ယူ ၁ - ၁ ချယ်လ်ဆီး
 
(၂)သင်းလုံးက သရေကိုမျှော်ကစားလာတယ်လို့တောင်ထင်ရပါတယ်။ (၂)သင်းလုံးအတွက် ကျေနပ်စရာရလဒ်လို့လည်းပြောလို့ရသလို မန်ယူအသင်း အခွင့်အရေးတွေဖြုန်းတီးလွန်းလို့ မနိုင်ခဲ့တာလို့လည်း ပြောလို့ရပါတယ်။
 
မန်ယူကတော့ ထုံးစံအတိုင်း ဂါနာချို ၊ ရက်ရှ်ဖို့ဒ် ၊ ဟွိုင်းလွန် ၊ ဖာနန်ဒက်စ် တို့အားနဲ့ပဲ ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဂါနာချို အမှားများလွန်းနေတာ ၊ ဟွိုင်းလွန် လူကာဖို့လောက်ပဲ လုပ်နေတာကြောင့် တိုက်စစ်က အားရစရာတော့ သိပ်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် နစ္စတယ်ရွိုင်း လက်ထဲမှာတော့ ဖာနန်ဒက်စ် အရင်လိုခြေပြန်ပေါ်သလို ကစားရတာလည်း ပိုလွတ်လပ်သွားပြီး အသင်းလိုက် ခြုံကြည့်ရင်တော့ ကာလတိုအတွင်း ပုံစံလေးတစ်ခုတော့ တည်ထားနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ ချယ်လ်ဆီးကတော့ နက်တို ရဲ့ တိုးအား ၊ ပယ်လ်မာ ရဲ့ပါးနပ်မှုတို့ကနေ ဂိုးရအောင် လုပ်လာခဲ့ပေမယ့် ထင်သလောက်တော့မဟုတ်ခဲ့ပါဘူး။ ပထမပိုင်းမှာ (၂)သင်းလုံး တိုင်တစ်ကြိမ်စီထိခဲ့တာတော့ရှိခဲ့ပါတယ်။
 
ဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလိုက်ပဲ ပွဲချိန် (၇၄)မိနစ်မှာ ကိုင်စီဒို က အဝေးကန်ချက်နဲ့ သရေဖြစ်စေခဲ့ပါတယ်။
 
ဒီပွဲမှာ အခွင့်အရေးတွေ ၊ ပြေးလမ်းကြောင်းတွေ ၊ ပေးပို့မှုကောင်းတွေလုပ်နိုင်တဲ့ အနေအထားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဂါနာချို ဘာတစ်ခုမှ အသုံးမချနိုင်သလို ဦးနှောက်မသုံးပဲ အားတစ်ခုတည်းနဲ့သာ ဘောလုံးကစားဖို့လုပ်နေခဲ့ပါတယ်။ ဖာနန်ဒက်စ် လည်း ပွဲပြီးခါနီးမှာ အပိုင်ကန်ခွင့်ရတာကို ဘယ်လိုစိတ်ကူးနဲ့ ပြီးပြီးရောကန်လိုက်လည်းဆိုတာကိုလည်း မစဥ်းစားတတ်သလောက်ပါပဲ။ ချယ်လ်ဆီးမှာတော့ ကိုင်စီဒို က အကောင်းဆုံးဖြစ်ခဲ့ပြီး ပွဲကိုထိန်းသွားတဲ့ ကစားသမားဖြစ်သလို တိုက်စစ်ကစားသမားတွေသာ ပုံစံကောင်းပြနိုင်ခဲ့ရင် အခုထက်ပိုသာတဲ့ ရလဒ်မျိုး ရသွားနိုင်ပါတယ်။
လူမစုံတဲ့ စပါးကိုတောင် မနိုင်တဲ့ မန်ယူ

နောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။

Read More
လေဗာကူဆင်မှာ ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေတဲ့ အလွန်ဆို

လာမယ့်ရာသီမှာ အလွန်ဆိုရီးယဲလ်နည်းပြဖြစ်လာမလားဆိုတာကလည်း စိိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ။

Read More
အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဆလီဘာ

(၂၀၂၇)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ရရှိသွားမှာပါ။

Read More
ဒိုင်ယာ ရဲ့ အနာဂတ် ဘာဖြစ်မလဲ

ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။

Read More
El Clasico မှာ ဘယ်လင်ဂမ် ကို စောင့်ကြည့်ရမယ်

ဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။

Read More