ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကာဗာနီ
-------------------------------------
ဥရုဂွေးနာမည်ကျော်ဝါရင့်တိုက်စစ်မှုး ကာဗာနီ ဟာဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကာဗာနီ ဟာ ဗလင်စီယာအသင်းနဲ့ လမ်းခွဲအပြီးမှာဘိုကာဂျူနီယာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၂၀၂၄) ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဘိုကာဂျူနီယာအသင်းမှာတော့ ကာဗာနီ ဟာ ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီနံပါတ်ကို ဝတ်ဆင်ခွင့်ရတာက သူ့အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ရောက်တဲ့အသင်းတိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြခဲ့ပြီး အများလေးစားရတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် အခုလို ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ခွင့်ရခဲ့တယ်လို့ ယူဆရမှာပါ။
ဒီကျောနံပါတ်ကိုတော့ အရင်က နာမည်ကျော်တွေဖြစ်ကြတဲ့ မာရာဒိုနာ ၊ ရီကွယ်လ်မီး နဲ့ တီဗက်ဇ် တို့က ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ အသက်(၃၆)နှစ်ရှိနေပြီဖြစ်လို့ ကာဗာနီ အတွက် ဘိုကာဂျူနီယာအသင်းဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးကလပ်အသင်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဥရောပဘောလုံးလောကမှာ အောင်မြင်ခဲ့တဲ့ ကာဗာနီ တောင်အမေရိက ဘောလုံးလောကမှာ ဘယ်လောက်ထ စွမ်းဆောင်နိုင်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။
အာဆင်နယ်ချန်ပီယံဖြစ်မယ်လို့ အားလုံးထင်နေကြချိန်မှာ မော်ရင်ဟို က မဖြစ်ဘူးလို့ပြောခဲ့တာပါ။
Read Moreဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။
Read Moreအခုတစ်ကြိမ်မှာတော့ ဘယ်သူရမလဲဆိုတဲ့ ရေပန်းစားမှုသိပ်မရှိပဲ ဒီဘရိုင်းနား ဟာလန်း အတွဲနဲ့ မက်ဆီ က အပြိုင်ဆိုသလို ဖြစ်နေပါတယ်။
Read Moreသူတို့ (၂)ယောက်ရင်ဆိုင်တွေ့ကြမှာကို ကြည့်ရမှာနဲ့တင်တန်နေပါပြီ။
Read Moreပွဲချိန်ကြာလာတာနဲ့ အမျှကွာခြားချက်က ထွက်လာပြီး အသင်း(၂)သင်းရဲ့ တောင်ပံတိုက်စစ်ကစားပုံ ခြားနားချက်ကပဲ ပွဲရဲ့အဖြေလို့တောင်ပြောချင်ပါတယ်။
Read More