မန်စီးတီး - အာဆင်နယ်
Super Sunday ည (၁၀:၀၀)နာရီ
ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလိုချင်ရင် မန်စီးတီး ရမှတ်ရကိုရရမယ့်ပွဲဖြစ်ပါတယ်။ အနည်းဆုံး သရေရဖို့လိုတာပါ။ ဒီရာသီ မန်စီးတီး ကောင်းတယ်ဆိုပေမယ့် အရင်ရာသီကထက်စာရင်တော့ ကျသွားပါတယ်။ ဒီပွဲကို ဝေါ်လ်ကာ ၊ ဂျွန်စတုန်းစ် တို့လွဲမှာကလည်း အားနည်းချက်တစ်ခုဖြစ်ပြီး ဟာလန်း ပွဲကြီးတွေမှာမတိုးတာကလည်း စိတ်ပျက်စရာပါပဲ။ မန်စီးတီး ရဲ့အသက်ကတော့ ရိုဒရီ ၊ ဒီဘရိုင်းနား ၊ ဖိုဒန် တို့ဖြစ်ပြီး ပွဲတိုင်းသူတို့တစ်ခုခုလုပ်ပြဖို့မျှော်လင့်နေရပါတယ်။ (၂၀၁၅)ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို အိမ်ကွင်း ပရီးမီးယားလိဂ်ပွဲမှာမရှုံးထားလို့ ဒီအချက်အလက်အရ မန်စီးတီး ရမှတ်ရဖို့ရှိနေတဲ့ပွဲလို့ ယူဆနိုင်ပါတယ်။
အာဆင်နယ်ကတော့ လက်ရှိမှာကောင်းနေပြီး ဆုဖလား(၂)လုံးမျှော်လင့်ခွင့်ရှိနေပါတယ်။ ဘယ်အထိရောက်မလဲဆိုတာမသိပေမယ့် ရှေ့ဆက်နိုင်သမျှတော့ရှေ့ဆက်နေပါတယ်။ အာဆင်နယ်လည်း မန်စီးတီးလိုပါပဲ။ ရမှတ်ဆုံးရှုံးလို့မရပါဘူး။ အနည်းဆုံးသရေရမှဖြစ်မှာပါ။ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဥ် (၁၀)ပွဲမှာ ပွဲကျပ်တွေရှိနေသေးသလို ချန်ပီယံလိဂ်မှာလည်း ကစားရဖို့တွေရှိနေလို့ အာဆင်နယ် ရှေ့ဆက်မယ့်လမ်းက ခက်ခဲတာတော့အမှန်ပါပဲ။ လက်ရှိခြေစွမ်းအရ အာဆင်နယ် ရမှတ်ယူနိုင်ပါလိမ့်မယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲဖြစ်ပေမယ့် သရေရလဒ်ကသာမျှတတယ်လို့ထင်ပါတယ်။ (၂-၂)ဆိုတဲ့ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
မာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။
Read Moreဒါဆို စံချိန်မှတ်တမ်းတွေကအလိုအလျောက်ဖြစ်လာပါလိမ့်မယ်။
Read Moreလက်ရှိအခြေအနေတွေအရတော့ ပါလာဖို့နည်းနည်းကြာဦးမယ့် ပုံပါပဲ။
Read Moreဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
Read MoreAdd-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။
Read More