စပါး - မန်ယူ ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

စပါး - မန်ယူ

စနေည (၁၁:၀၀)နာရီ 

အိမ်ရှင်စပါး က အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်နဲ့ (၂)ဂိုးစီသရေကျထားပါတယ်။ဟယ်ရီကိန်း မရှိတော့တဲ့ စပါးအသင်းက အရင်လိုမဟုတ်တော့တာ အမှန်ပါ။ရစ်ချာလီဆန် ရှိတယ်ဆိုပေမယ့် ဟယ်ရီကိန်း နဲ့ ကွခြားချက်ကြီးပါတယ်။လက်ရှိစပါးကို ဆွန်ဟောင်မင်က ဦးဆောင်နေရပေမယ့် မက်ဒီဆင် ရှိနေလို့ သူဝန်နည်းနည်းပေါ့သွားပါတယ်။ခံစစ်ပိုင်းမဆိုးဘူးလို့ ပြောလို့ရပြီး ကွင်းလယ်နဲ့ တိုက်စစ်ကတော့ ခြေမငြိမ်သေးပါဘူး။အရင်ကထက် နည်းနည်းကျသွားတယ်လို့မြင်ပြီး မက်ဒီဆင် ကြောင့် ဘောလုံးအခင်းအကျင်းပိုင်းတော့ ပိုကောင်းလာခဲ့ပါတယ်။ 

မန်ယူအသင်းကတော့ ဝုလ်ဗ်နဲ့ ပွဲကထက် ပိုကောင်းအောင် ကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ မန်ယူအသင်းကို အများကြီးမျှော်လင့်ထားခဲ့ပေမယ့် အရင်ကခြေစွမ်းကိုတောင် မမီသေးပဲ နားလည်မှုမရှိကြသလို ဖြစ်နေပါတယ်။ လိုတာထက်ပိုပြီး ပစ်မှတ်ထားဝေဖန်ခံနေရတဲ့ မေဆန်မောင့် လည်း ဝေဖန်သံတွေတိတ်အောင် တစ်ခုခုလုပ်ပြဖို့လိုပါတယ်။ဒီတော့ အားရစရာမရှိသေးတဲ့ မန်ယူအသင်းကို ဒီပွဲအတွက် တန်ဟက် ဘယ်လိုပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။နောက်တစ်ချက်က ဂိုးတစ်ဂိုးရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ဖြစ်ပြီး အန်တိုနီ လည်း သူ့ရဲ့ကစားပုံက အသင်းအတွက် အကျိုးရှိအောင်ပိုပြင်ဆင်သင့်နေပါပြီ။ 

စပါးမကောင်းပေမယ့် မန်ယူကလည်း ထင်သလောက်ကောင်းမနေပါဘူး။ လက်ရှိအနေအထားအရ စပါးကမန်ယူကို နိုင်ဖို့မလွယ်ပေမယ့် ရမှတ်ခွဲယူဖိုကိုတော့ လုပ်နိုင်ပါလိမ့်မယ်။ ဒီတော့ သရေကျမယ်လို့ ခန့်မှန်းချင်ပြီး စပါး ၁ - ၁ မန်ယူ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကာဗာနီ

ဘိုကာဂျူနီယာအသင်းမှာတော့ ကာဗာနီ ဟာ ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီနံပါတ်ကို ဝတ်ဆင်ခွင့်ရတာက သူ့အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

Read More
ဒဏ်ရာလူစာရင်းထပ်တိုးလာတဲ့ ရီးယဲလ်

ကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။

Read More
စပိန်ထိပ်သီးတွေ ခေါ်ချင်နေကြတဲ့ ဂရင်းဝုဒ်

နဂိုတည်းက အရည်အချင်းရှိတဲ့သူမို့လို့ ဂီတာဖေး မှာအစွမ်းပြနေတာ ဘာမှတော့မဆန်းပါဘူး။

Read More
ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

ဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။

Read More
စပါး - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

မန်စီးတီးကို အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ထားတယ်ဆိုတဲ့အချက်က ဒီပွဲအတွက် စိတ်ဓာတ်ပိုင်းကိုမြင့်တက်စေပါလိမ့်မယ်။

Read More