တစ်လတာအကောင်းဆုံး ဆုတွေကို ရရှိခဲ့ကြတဲ့ ပိုစတီကိုဂလူး နဲ့ ဆွန်ဟောင်မင်

Published 1 year ago by Bawlonelive

တစ်လတာအကောင်းဆုံး ဆုတွေကို ရရှိခဲ့ကြတဲ့ပိုစတီကိုဂလူး နဲ့ ဆွန်ဟောင်မင်

-------------------------------- 

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးဆုတွေကို လွှမ်းမိုးခဲ့တဲ့ စပါးအသင်းဟာ စက်တင်ဘာလမှာလည်း ဆက်လွှမ်းမိုးခဲ့ပါတယ်။ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံး နည်းပြဆုကို ပိုစတီကိုဂလူး ၊ကစားသမားဆုကို ဆွန်ဟောင်မင် တို့ကရရှိခဲ့ကြတာပါ။ 

ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ပိုစတီကိုဂလူး က (၂) လဆက်ရခဲ့တာ​ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ်(၄)ပွဲကစားခဲ့ပြီး (၃)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ် ရရှိခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဆွန်ဟောင်မင် ကတော့ အဲဒီ(၄)ပွဲမှာ (၆) ဂိုးထိတောင်သွင်းယူခဲ့တာပါ။ 

ဆွန်ဟောင်မင် အတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်မြောက် ရခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် (၈)ပွဲကစားအပြီးမှာ စပါးအသင်းဟာ ရှုံးပွဲမရှိသေးပဲ ရမှတ်(၂၀)နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

မန်ယူ - ဂါလာတာစာရေး ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲတွေ ရလဒ်ဆိုးနေတာကို ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြရပါလိမ့်မယ်။

Read More
မန်ယူ ကယ်တင်ခဲ့ကြတဲ့ မက်ဂွိုင်းယား နဲ့ အိုနာနာ

မက်ဂွိုင်းယား ကတော့လုံးဝကိုပုံစံကောင်းပြန်ရသွားခဲ့ပြီဖြစ်ပြီး အိုနာနာ ကလည်းသူ့ရဲ့ အဆင့်အတန်းတစ်ခုကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။

Read More
ဂျက်ဆင် ကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတဲ့ ချယ်လ်ဆီး

မန်စီးတီးကတောင် အနိမ့်ပိုင်းရောက်နေတဲ့ အချိန်တွေရှိခဲ့ပြီး အနိုင်ရလဒ်က ကံတရားဖေးမမှုလို့တောင် ပြောလို့ရပါတယ်။

Read More
အိုဆီမန် ကို စိတ်ဝင်စားနေတဲ့ ရီးယဲလ်

ဘာပေ အပေါ် ရီးယဲလ်ကစိတ်ရှည်မှု နည်းနည်းလျော့လာတဲ့ပုံပါပဲ။

Read More
ချယ်လ်ဆီး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး - အာဆင်နယ် လန်ဒန်ဒါဘီ

Read More