ချန်ပီယံလောင်း အာဆင်နယ် ဘက်မှာ ကံတရားရှိတယ်
-----------------------------------------
ချယ်လ်ဆီး ၂ - ၂ အာဆင်နယ်
ငါတို့က ချန်ပီယံလောင်းတွေဆိုပြီး ပြောနေတဲ့ အာဆင်နယ် ကို မင်းလားကွ ချန်ပီယံလောင်းဆိုပြီး ချယ်လ်ဆီး က အပေါ်စီးက ကစားသွားခဲ့တာပါ။ အိမ်ကွင်းမှာ (၂-၀)နဲ့တောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ (၂-၂)ပါ။ ဘာလို့လဲဆိုတော့ ချန်ပီယံလောင်း အာဆင်နယ် ဘက်မှာ ကံတရားရှိနေလို့ပါပဲ။
အာဆင်နယ်အသင်းရဲ့ ဒီလိုပွဲကျပ်မှာကစားသွားတဲ့ ကြံခိုင်မှု ၊ မန်စီးတီး ကိုနိုင်အပြီးမှာ ပိုကောင်းတဲ့အသင်းပုံစံဖြစ်ရမယ့်အစား ကျဆင်းသလိုဖြစ်နေတဲ့ အနေအထားတွေက မေးခွန်းထုတ်စရာပါ။ ချယ်လ်ဆီးအသင်းကတော့ ဒီရာသီ အကောင်းဆုံး ပွဲကိုကစားသွားတာဖြစ်ပြီး ကစားအား ၊ ကြိုးစားမှု ၊ စိတ်ဓာတ်ပိုင်း ၊ ကြံခိုင်မှု အရာအားလုံး အာဆင်နယ် ထက်သာခဲ့ပေမယ့် ပေါ့ဆမှုသေးသေးလေးတွေကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို ပွဲချိန် (၁၅)မိနစ်မှာ ပယ်လ်မာ က ပယ်နယ်တီ ၊ ပွဲချိန် (၄၈)မိနစ်မှာ မူဒရစ် က ရှေ့တက်နေတဲ့ ဂိုးသမား ရာယာ ကိုကျော်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်မှာ အိုဒီဂတ် ရုန်းကန်ခဲ့ရလို့ တိုက်စစ်လမ်းကြောင်းမပွင့်ခဲ့သလို မာတင်နယ်လီ နဲ့ ဆာကာ တို့လည်း ကစားရခက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပွဲချိန်(၇၇)မိနစ်မှာ အာဆင်နယ် မထင်မှတ်ပဲ ချေပဂိုးရခဲ့ပြီး ဒီကလန်ရိုက်စ် က သွင်းပေးခဲ့တာပါ။
ချေပဂိုးရအပြီးမှာ ဟာဗက်ဇ် ၊ ထရော့ဆဒ် တို့ကိုထည့်ပြီး အာတီတာ အပြောင်းအလဲလုပ်ခဲ့သလို ဒီအပြောင်းအလဲ ကပဲ အသင်းကို ကယ်တင်ပေးနေကြ ထရော့ဆဒ် က ပွဲချိန်(၈၄)မိနစ်မှာ ဆာကာ ရဲ့ ဖြတ်တင်ဘောကို အလိုက်သင့်ပြေးထွက် ပိတ်သွင်းကာ အာဆင်နယ်အတွက် ဒုတိယချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။ အာဆင်နယ်အသင်းကတော့ နောက်ထပ်ရွှေဖလားမျှော်လင့်ချက်နဲ့ ရှေ့ဆက်နေတုန်းဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် ဟာ အဖျားရောဂါခံစားနေရလို့ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။
Read More(၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။
Read Moreစပါးကလည်း အဲ့လိုပဲဖြစ်ပြီး ဂိုးမပေးရအောင် ကြိုးစားနေရင်းသာ အချိန်ကုန်ခဲ့ရတာပါ။
Read Moreအခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေရဲ့ Idol က စီရော်နယ်လ်ဒို ဖြစ်နေတာမှာသူ့ရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ထင်သာမြင်...
Read More" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "
Read More