မန်စီးတီး အတွက် ဒီဘရိုင်းနား ပြန်လာပြီ
----------------------------------
မန်စီးတီးအသင်း ဖိအားတွေများနေတဲ့ အချိန်မှာ အချိန်ကိုက်ဆိုသလိုကို အသင်းရဲ့ အရေးပါတဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းနား ပြန်လာပါပြီ။လက်ရှိမှာ မန်စီးတီး အသင်းကအမှတ်ပေးဇယား အဆင့်(၄)နေရာကိုရောက်နေပြီး အဆင့်(၁)နေရာကအာဆင်နယ်နဲ့ ရမှတ်(၅)မှတ်ကွာသွားချိန် ၊ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာနိုင်ထားတဲ့အချိန်တွေမှာ ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။
အခုနောက်ပိုင်းမှာ ဂိုးသွင်းခွင့်တွေနည်းလာတယ်ဆိုတဲ့ အချက်ကလည်း ဒီဘရိုင်းနား လို ဖန်တီးမှုအားကောင်းတဲ့ ကစားသမားပြန်လာလို့ အဆင်ပြေပြေပြန်ဖြစ်သွားတော့မှာပါ။ ဒီဘရိုင်းနား အခြေအနေက ပွဲကစားနိုင်နေပြီဖြစ်ပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နည်းပြဂွါဒီယိုလာ အရဲစွန့်ပြီး ပွဲထွက်စာရင်းမှာ သုံးမှာတော့မဟုတ်ပါဘူး။
ဒါပေမယ့် ဒီပြိုင်ပွဲအတွက် အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်တော့ ဒီဘရိုင်းနား ရှိနေပါလိမ့်မယ်။ ပရီးမီးယားလိဂ်အတွက်တော့ ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီး ပြန်လာသလိုပဲ လို့သာပြောရပါလိမ့်မယ်။
အသင်းကိုလည်း တန်ဟက် စိတ်တိုင်းကျပြင်ဆင်နေပြီး အပြောင်းအရွှေ့တွေကအချိန်နည်းနည်း ကြန့်ကြာတာမျိုးတွေရှိပေမယ့် အချိန်တန်ရင် သူ လိုချင်တဲ့သူ အကုန်ရနေပါတယ်။
Read Moreအိမ်ရှင်နိုင်ငံ (၆)နိုင်ငံထိ ရှိလာမှာလည်း ဖြစ်ပါတယ်။
Read Moreဒီ(၂)သင်းကြားမှာ ကွာခြားချက်တစ်ခုရှိသလို ပွဲအဖြေကိုပြောင်းလဲပေးနိုင်သူတွေကလည်း မန်ယူမှာသာရှိတာပါ။
Read Moreဒီတော့ မက်ဆီ က ဖီဖာရဲ့သားဆိုတဲ့ အသံတွေပိုကျယ်လောင်လာခဲ့တယ်။
Read Moreဒါကတော့ နော်တင်ဟမ် နဲ့ အက်ဖ်အေဖလားပွဲပါပဲ။
Read More