ဂိုးပြတ်ရလဒ်နဲ့ ပြန်လာတဲ့ အာဆင်နယ်
---------------------------------
အာဆင်နယ် ၅ - ၀ ခရစ္စတယ်ပဲလေ့စ်
ပြိုင်ပွဲစုံ (၃)ပွဲဆက် အရှုံး ၊ ပရီးမီးယားလိဂ် (၃)ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးမှုတွေကနေ အာဆင်နယ်အသင်းပြန်လာနိုင်ခဲ့ပါတယ်။ ဂိုးပြတ်ရလဒ်နဲ့ ပြန်လာနိုင်ခဲ့တာဖြစ်လို့ ကျေနပ်ဖို့တော့ကောင်းပါတယ်။ ဒီပွဲက နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့ အာဆင်နယ်အတွက် ဘာဖိအားမှလည်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ခရစ္စတယ်ပဲလေ့စ် ခြေစွမ်းက ညံလွန်းအားကြီးခဲ့လို့ပါ။
ပွဲအစ (၁၁)မိနစ်မှာတင် အာဆင်နယ် ဂိုးစရခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဂါဘရီယယ်လ် ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကလည်း အဲဒီလိုပဲဖြစ်ပြီး ပွဲချိန်(၃၇)မိနစ်မှာ ဂါဘရီယယ်လ် ရဲ့ ခေါင်းတိုက်ချက် ဂိုးသမား ဒင်းဟန်ဒါဆင်နဲ့ထိကာ ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ (၂)ဂိုးပြတ် ဦးဆောင်နေတဲ့ အချိန်ထိ အာဆင်နယ်က ထင်သလောက်ကောင်းနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ် က ဘာဆိုဘာမှမတုန့်ပြန်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း (၅၉)မိနစ်မှာ အာဆင်နယ် တတိယဂိုးရပြီး ဂိုးသမား ရာယာ ကနေ တိုက်စစ်စတင်ပြီး ဂျေးဆု ခင်းပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆဒ် က ပါးပါးနပ်နပ်နဲ့ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ (၃-၀)နဲ့ ပြီးတော့မယ်ထင်နေချိန်မှာပဲ အာဆင်နယ် နောက်ထပ် (၂)ဂိုးထပ်ရခဲ့ပြီး (၂)ဂိုးလုံးကို ပုံစံတူအနေအထားနဲ့ မာတင်နယ်လီ က ပွဲချိန်(၉၄)နဲ့ (၉၅)မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုး (၂)ဂိုးမှာတော့ ခရစ္စတယ်ပဲလေ့စ် ညာခြမ်းခံစစ်က လစ်ဟာချက်တော်တော်ကြီးခဲ့ပါတယ်။
လိုအပ်နေတဲ့ အချိန်မှာ လိုအပ်နေတဲ့ နိုင်ပွဲကိုရခဲ့တာ အာဆင်နယ်အတွက် တကယ်ကိုကောင်းခဲ့ပါတယ်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နေနိုင်တုန်းလို့ ပြောချင်ပါတယ်။
အခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။
Read Moreမာနေး ဟာ အယ်လ်နာဆာ မှာ တစ်ပတ်လုပ်ခလစာပေါင်(၆)သိန်းခွဲထိ ရမှာဖြစ်လို့ မြင့်မားတဲ့ အနေအထားကို ရရှိသွားမှာပါ။
Read Moreမနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read Moreလူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...
Read Moreဒါကတော့ နော်တင်ဟမ် နဲ့ အက်ဖ်အေဖလားပွဲပါပဲ။
Read More