ဒီဂီယာ ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

Published 1 year ago by Bawlonelive

ဒီဂီယာ ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

-------------------------------------- 

မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဂီယာ ကို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ နည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရခဲ့တာက အကောင်းဆုံး ဥပမာတစ်ခုတစ်ခုပါပဲ။ 

ဒီဂီယာ ဆော်ဒီကိုရောက်မယ် ဆိုတာနဲ့ စပိန်ကိုပြန်မယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေလို့ ဘယ်ရောက်မလဲ စောင့်ကြည့်နေချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ အသံတွေထွက်လာလို့ မထင်မှတ်ထားတဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသမားကိစ္စ အဆင်မပြေဖြစ်နေတာ နည်းနည်းကြာနေပြီဖြစ်သလို ဒီလိုအချိန်မှာ ဒီဂီယာ လို ဂိုးသမားမျိုးကို အလွတ်နဲ့ရမယ်ဆိုတဲ့ အနေအထားကလည်း လက်ရှိသူတို့အသင်းသွားနေတဲ့ ပုံစံနဲ့ကိုက်ညီမှုရှိပါတယ်။ 

ဒီဂီယာ ကတော့ အသင်းသစ်ကို မြန်မြန်ဆန်ဆန်ဆုံးဖြတ်သွားမှာမဟုတ်ပဲ အကောင်းဆုံးဖြစ်မယ့်အရာကို ဂရုတစိုက်နဲ့ စဥ်းစားနေပါတယ်။ ဒီဂီယာ သာ ဘိုင်ယန်မြူးနစ်ကို ရောက်သွားခဲ့ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပြောင်းအရွှေ့ဖြစ်လာမှာ အမှန်ပါပဲ။

အက်ဖ်အေဖလားချန်ပီယံ မန်ယူ

မန်စီးတီး ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူပြီး မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တယ်။

Read More
ရိုးမားအသင်းကို ပြောင်းရွှေ့မယ့် လူကာကူ

လူကာကူ ဟာ ဒီနေ့ နေ့လည်မှာ ရိုးမားကို သွားရောက်မှာဖြစ်ပြီး အငှားကြေးက ယူရို(၅)သန်းအထက်ဖြစ်ပါတယ်။

Read More
ဆန်ချိုကို ရောင်းဖို့ရှိနေတဲ့ မန်ယူ

ဆန်ချို က မတောင်းပန်တော့ အသင်းမှာ မသုံးတော့တာ ဘာမှမဆန်းပါဘူး။

Read More
ဒိုင်ယာ ရဲ့ အနာဂတ် ဘာဖြစ်မလဲ

ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂)

" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "

Read More