ပရီးမီးယားလိဂ် ဒိုင်ယာရီ (၆)
" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "
⚽⚽⚽⚽
⚽ မန်စီးတီးနဲ့ အနိုင်ပုံပြင်များဟာ ရိုးအီလို့နေပြီ။ ပရီးမီးယားလိဂ်ကိုလယ်သမားလိဂ် မဖြစ်စေချင်တာတော့အမှန်။ ကောင်းလွန်းနေတော့လည်း ဘယ်အသင်းက တားဆီးမလဲ။ (၆)ပွဲကစား (၆)ပွဲလုံးအနိုင်ဆိုတာကြမ်းပါတယ်။ ရိုဒရီ နီခဲ့တာကလွဲရင် မယ်မယ်ရရ ဘာမှပြောစရာမရှိခဲ့။
⚽ မန်ယူရဲ့အနိုင်မနက်ခင်းဟာ တိတ်ဆိတ်မှုအပြည့်။ ရှုံးရင် ပေါ်လာပြီး နိုင်ရင်ပျောက်ပြီဆိုတဲ့ ဘောလုံးရဲ့ လေတိုက်ခြင်း အနုပညာဟာ မန်ယူဆို ပိုလွန်ကဲတာတော့ အမှန်။ အားရစရာမရှိတဲ့ နိုင်ပွဲပေမယ့် နိုင်အောင်တော့လုပ်နိုင်ခဲ့ကြသေးတာပဲမလား။ လူစုံတက်စုံဆို ဘယ်လိုဖြစ်မလဲဆိုတဲ့ စိတ်ကူးအတွေးများဟာလည်း အရောင်တွေ တလက်လက်နဲ့ တောက်ပလို့။
⚽ သရေကျပြီး ရှူံးပွဲမရှိအနေအထားကို ရှေ့ဆက်တိုးခဲ့ကြပေမယ့် ပွဲကတော့ မြိုင်မြိုင်ဆိုင်ဆိုင်။ VAR မမိုက်ပါဘူးဆိုတဲ့ အကြောင်း ဒီပွဲအပြီး ထပ်ပြောကြရုံ။ မနှစ်ကထက် ပိုကောင်းလာပေမယ့် ချန်ပီယံဖြစ်ချင်ရင် သရေတွေလျှော့ရမယ်ဆိုတာ အာတီတာ ကောင်းကောင်းနားလည်ပါလိမ့်မယ်။ ဆွန်ဟောင်မင် ကတော့ စပါးအတွက်အကောင်းဆုံး ပေးဆပ် ဦးဆောင်သူ။
⚽ ပွဲစဥ်(၆)အပြီး စတန်းဖို့ဒ်ဘရစ်ချ် အော်မြည်သံတွေ ကြေကွဲစွာ ပိုကျယ်လောင်လာခဲ့။ ချယ်လ်ဆီးဟာ ဘာဖြစ်သွားတာလဲ မေးခွန်းတွေကထပ်တလဲလဲ။ပိုချက်တီနို မကယ်နိုင်တော့ဘူးလားမှာ ပိုချက်တီနို ကိုအရင်ကယ်တင်ရမယ့် အနေအထား။(၆)ပွဲကစား (၅)မှတ် ၊ တန်းဆင်းဇုန်နဲ့ (၄)မှတ်အကွာ အခြေအနေဆိုတာ တွေးတောင်မတွေးမိခဲ့။ ရှေ့မှာစောင့်နေတာက ပွဲကျပ်တွေ။ ချယ်လ်ဆီးအတွက် တခြားဖန်တွေတောင် စိတ်မကောင်းတွေဖြစ်နေကြလို့။
⚽ လီဗာပူးလ် ဆို ကောင်းတယ်ပါပဲ။ နိုင်နေရင် အရာအားလုံး အဆင်ပြေနေတာပဲ မဟုတ်လား။ ဖေမီနို ၊ မာနေး ၊ ဆာလာ တို့ အချိန်ကထက်ပိုသာလာတာက ကွင်းလယ်ကပါ အားကိုးလာရတာပါ။ လီဗာပူးလ် က လီဗာပူးလ်ပြန်ဖြစ်လာခြင်းမှာ နူနက်ဇ် ရဲ့တိုးတက်မှုကလည်း အထောက်အပံ ကောင်းဆိုတာထက် ပိုပါတယ်။
အူနိုင်းအမ်မရီ ကတော့ အမ်မရိတ်စ် မှာ ပွဲတစ်ပွဲကို အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာ တစ်ကွက်ပြသွားခဲ့တာဖြစ်ပါတယ်။
Read Moreမမျှတတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် ကိုပင်ဟေဂင် နဲ့ မန်ယူကြားမှာ တစ်ယောက်လျော့သွားတာနဲ့ ခုလောက်ထိ ဖြစ်သွားတာကတော့ အဓိပ္ပါယ်မရှိပါဘူး။
Read Moreကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။
Read More" ပရီးမီးယားလိဂ် ဟုခေါ်သည် "
Read Moreချယ်လ်ဆီးအခြေအနေတော်တော်လေးကို ဆိုးသွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၂)နေရာအထိကို ရောက်သွားခဲ့ပါတယ်။
Read More