မန်စီးတီး - ဆီဗီလာ
ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက် ကြာသပတေးနေ့မနက် (၁:၃၀)နာရီ
ချန်ပီယံလိဂ်ချန်ပီယံ မန်စီးတီး နဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ရဲ့ ဥရောပစူပါဖလားပွဲစဥ်က ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။မန်စီးတီးအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဥရောပစူပါဖလားကို ပိုင်ဆိုင်ဖို့ အခွင့်အရေးက လက်တကမ်းအကွာကို ရောက်နေပါပြီ။ဒီတော့ အလွယ်ပြောရရင် သူတို့ဒါကို မဖြစ်မနေရအောင်ယူပါလိမ့်မယ်။လက်ရှိမန်စီးတီး က ပြီးခဲ့တဲ့ရာသီကလောက် ခြေစွမ်းမကောင်းသေးသလို ပြိုင်ဘက်ကလည်း ဆီဗီလာဖြစ်နေတာကြောင့် လွယ်လွယ်နဲ့နိုင်စရာတော့ မရှိပါဘူး။
နောက်တစ်ခုက ဟာလန်းပါ။အခုနောက်ပိုင်းမှာ ဟာလန်း ခြေမပေါ်ရင် မန်စီးတီးဂိုးရဖို့ ခက်ခဲသွားတတ်တာကြောင့် ဆီဗီလာက သူဆီဘောလုံးမရောက်အောင် ကြိုးစားလာနိုင်ပါတယ်။ဒီလိုဖြစ်သွားရင် မန်စီးတီး ရုန်းကန်ရတာတွေဖြစ်ဖြစ်လာတတ်ပြီး ဒီအရာက နည်းပြဂွါဒီယိုလာ ဖြေရှင်းရမယ့် ပုစ္ဆာပဲ ဖြစ်ပါတယ်။
ဆီဗီလာကတော့ ဘယ်တော့မှ လျော့တွက်လို့မရတဲ့အသင်းပါ။အသင်းလိုက်စုဖွဲ့မှုကောင်းပြီး မထင်ထားတာတွေလည်းလုပ်ပြတတ်ပါတယ်။ကလပ်အသင်းကြီးတွေနဲ့ရင်ဆိုင်ရရင် ပိုပြီးမာကျောတဲ့ ပုံစံမျိုးကိုပြသတတ်ပြီး ဒီပွဲမှာလည်း ဒီပုံအတိုင်းပဲလာပါလိမ့်မယ်။အရင်က မန်စီးတီးနဲ့ဆို ဂိုးပြတ်ရှုံးလေ့ရှိပေမယ့် ဒီတစ်ခါမှာတော့ ဂိုးပြတ်ရှုံးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မြင်ပါတယ်။
ဒီပွဲကို ခန့်မှန်းချက်ထုတ်ရရင်တော့ ကစားသမား အရည်အသွေးက အဖြေဖြစ်နိုင်ပါတယ်။ပထမတန်းစား ကစားသမားတွေနဲ့ ဒုတိယတန်းစားကစားသမားတွေကြားက ကွဲပြားခြားနားမှုက ဒီပွဲရဲ့အဖြေပါပဲ။
ဒီတော့ မန်စီးတီးနိုင်မယ်။ မန်စီးတီး(၂-၁)ဆီဗီလာ ရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။
သူတို့ (၂)ယောက်တည်းက (၁)ယောက်ပဲ ရပါလိမ့်မယ်။
Read Moreဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။
Read Moreချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဥ်(၃)အရောက်မှာ နိုင်ပွဲစရခဲ့တာပါ။
Read Moreဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။
Read Moreဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။
Read More