အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့ကြတဲ့ မန်စီးတီး နဲ့ စပါး
---------------------------------
မန်စီးတီး ၃ - ၃ စပါး
ပရီးမီးယားလိဂ်ဆိုတာ ဒါပါပဲလို့ တွေးမိခဲ့သလို စပါးနဲ့တွေ့တိုင်း ခက်ခဲတတ်တယ်ဆိုတဲ့ အစဥ်အလာကိုလည်း မန်စီးတီးအသင်း ဆက်ထိန်းသွားခဲ့ပါတယ်။ မန်စီးတီး နိုင်ကိုနိုင်မယ်လို့ ထင်ထားတဲ့ ပွဲမျိုးမှာ သရေကျခဲ့တာဖြစ်ပြီး ကံတရားက မန်စီးတီးဘက်မှာရှိမနေခဲ့တာလည်း ဖြစ်ပါတယ်။
စပါးကတော့ ထုံးစံအတိုင်း မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်မယ်။ တိုးမယ်။ ကစားသမားတွေရဲ့ တစ်ကိုယ်တော်အစွမ်းကို အားကိုးမယ်။ နေရာလွတ်ရအောင်လုပ်မယ် ဆိုတဲ့ ပုံစံနဲ့ မန်စီးတီးကိုရင်ဆိုင်ခဲ့တာပါ။ ဒီလိုကစားနေရင်းကပဲ ဦးဆောင်ဂိုးစရခဲ့ပြီး ပွဲချိန် (၆)မိနစ်မှာ ဆွန်ဟောင်မင် က တစ်ကိုယ်တော်အစွမ်းနဲ့ စပါးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးရဲ့ ဖိအားပေးမှုကို စပါးလုံးဝမခံနိုင်ခဲ့သလို ခံစစ်ကလည်း အမှားတွေများခဲ့ပြီး ပွဲချိန် (၉)မိနစ်မှာတင် အယ်ဗာရက်ဇ် ရဲ့ဖြတ်တင်ဘော ဆွန်ဟောင်မင် နဲ့ထိ ဂိုးဝင်ခဲ့လို့ တစ်ခဏအတွင်းမှာပဲ သရေပြန်ဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်းအချိန်တွေမှာ မန်စီးတီးလုပ်သမျှဖြစ်သွားပြီး မန်စီးတီးအသင်း ရခဲ့တဲ့ အခွင့်အရေးတွေကိုဖြုန်းခဲ့ပါတယ်။ ပွဲချိန်(၃၁)မိနစ်မှာ မန်စီးတီး ဒုတိယဂိုးရခဲ့ပြီး အကွက်မြင်ပြီး အတွဲအဖက်ညီလှတဲ့ တွဲလုံးတွေကနေ ဖိုဒန် က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းကတော့ တစ်ပိုင်းလုံး မြိုင်ဆိုင်ခဲ့ပေမယ့် ဒုတိယပိုင်းကတော့ အစပိုင်းမှာ အေးစက်စက်ရှိခဲ့ပါတယ်။
ဒီအနေအထားကို နှိုးဆွလိုက်တာကတော့ လိုဆယ်ဆို ဖြစ်ပြီး ပွဲချိန်(၆၉)မိနစ်မှာ အဝေးကန်ချက်နဲ့ စပါးအတွက် ဒုတိယချေပဂိုးသွင်းပေးခဲ့ပါတယ်။ (၂-၂)ဖြစ်သွားချိန်မှာ မန်စီးတီးအသင်း အနိုင်ဂိုးထပ်ရဖို့ ပိုကြိုးစားလာခဲ့ပြီး ပွဲချိန် (၈၁)မိနစ်မှာ ဟာလန်း ချိုးပေးတဲ့ ဘောလုံးကို ဂယ်ရီလစ်ချ် က ပိတ်သွင်းကာ (၃-၂)ဖြစ်သွားခဲ့ပါတယ်။
မန်စီးတီးနိုင်ပါပြီလို့ ထင်ထားချိန်မှာပဲ စပါးအသင်းမထင်မှတ်ပဲ ကူလူဆက်စကီး ရဲ့ ပွဲချိန်မိနစ် (၉၀)ခေါင်းတိုက်ဂိုး နဲ့ ပွဲကို (၃-၃)ပြန်ဖြစ်စေခဲ့ပါတယ်။ မန်စီးတီး ကြိုးစားထားသမျှ စပါးအသင်းက မရရအောင် လိုက်ဖျက်တဲ့ပုံစံဖြစ်သွားပြီး နောက်ဆုံးမှာတော့ သရေရလဒ်နဲ့သာပွဲပြီးခဲ့ပါတယ်။ ပွဲပြီးခါနီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အငြင်းပွားစရာဖြစ်ခဲ့သလို ဒီပွဲအပေါ် အနှစ်ချုပ်အမြင်က မန်စီးတီး ကံဆိုးခဲ့ပြီး စပါးက ကံကောင်းလွန်းခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။
စာချုပ်သစ်အရ အိုဒီဂတ် ဟာ အာဆင်နယ် မှာ (၂၀၂၈)ခုနှစ်ထိ ဆက်ရှိပါလိမ့်မယ်။
Read Moreမန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။
Read More" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် "
Read Moreလူမစုံလည်း ဘယ်လိုကစားရမယ်။ ရှိတဲ့သူနဲ့ ဂိုးရအောင် ဘယ်လိုလုပ်ရမယ်။ ရမှတ်ရအောင် ဘယ်လိုကစားရမယ် စတဲ့ အပိုင်းတွေမှာ အများကြီးမှ အများကြီးတိုးတက်လာခဲ့တာပါ။...
Read Moreနည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။
Read More