အန်ဖီးလ်မှာ ရမှတ်ခွဲယူခဲ့တဲ့ လီဗာပူးလ် နဲ့ မန်ယူ

Published 8 months ago by Bawlonelive

အန်ဖီးလ်မှာ ရမှတ်ခွဲယူခဲ့တဲ့ လီဗာပူးလ် နဲ့ မန်ယူ

-------------------------------- 

လီဗာပူးလ် ၀ - ၀ မန်ယူ 

အားလုံးမျှော်လင့်ထားသလို ဖြစ်မလာတဲ့ပွဲပါ။ မန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ပွဲစတည်းက တိုက်စစ်ဆင်ခဲ့တာပါပဲ။ ဒါပေမယ့် ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာတော့ နည်းပါတယ်။ 

မန်ယူခံစစ်တန်း တော်တော်လေး ကောင်းခဲ့သလို ကွင်းလယ်က တွမ်မီနေး ၊ အမ်မရာဘတ် နဲ့ မိုင်နူး တို့လည်း တာဝန်ကျေခဲ့ပြီး မိုင်နူးဆို တဖြည်းဖြည်းနဲ့ မျှော်လင့်ချင်စရာပိုကောင်းလာခဲ့ပါပြီ။ အိုနာနာ လည်း ကာကွယ်မှုကောင်းတွေ လုပ်နိုင်ခဲ့သလို ဖိအားများလာရင် သူ့ကိုပြန်ပေးပြီး ပြန်တွဲတာနဲ့ ကွင်းလယ်ကို ဘောလုံးပြန်ဖြန့်ကစားတဲ့ နေရာတွေမှာလည်း အလုပ်ဖြစ်ခဲ့တာကြောင့် တန်ဟက် ဘာကြောင့် သူ့ကိုခေါ်ခဲ့လည်းဆိုတဲ့ အဖြေကိုရခဲ့ပါတယ်။ 

ဒီပွဲမှာ လီဗာပူးလ်ကွင်းလယ်က ခံစစ်ကို မကူနိုင်ခဲ့ပဲ အပေါက်ကြီးဖြစ်နေပြီး တိုက်စစ်ကိုလည်း မပံပိုးပေးနိုင်သလို မန်ယူအသင်းက အားတော်တော်လျော့နေလို့သာ ဒီအခွင့်အရေးတွေကိုမယူနိုင်ခဲ့တာပါ။ ဆာလာ အဖြေမရှာပေးရင် အဖြေမရတဲ့ ဇာတ်လမ်းကိုလည်း ရှေ့ဆက်သွားပြီး နည်းပြကလော့ ဒီအတွက်လည်း တစ်ခုခုတော့လုပ်ရပါတော့မယ်။ ဒီပွဲမှာ နည်းပြကလော့ ရဲ့ ဆိုဘိုဆလိုင် ၊ နူနက်စ် ၊ ဒီယက်ဇ် တို့ကို လူစားလဲခဲ့တာတွေက မှားယွင်းတယ်လို့ ပြောချင်ပြီး ကိုယ့်အသင်းရဲ့အားကို ကိုယ့်ဘာသာဆွဲချလိုက်တယ်လို့ မြင်မိပါတယ်။ 

အန်တိုနီ လည်း အခွင့်အရေးရခဲ့ပေမယ့် ကိုယ်တိုင်ဆွဲထွက်ကန်သွင်းတာမျိုးမလုပ်ပဲ အသင်းဖော်တွေကို စောင့်ဆိုင်းလွန်းနေလို့ မန်ယူတိုက်စစ်ကစားပုံတော်တော်လေး လေးလံသွားတဲ့ အချိန်တွေရှိခဲ့ပါတယ်။ တိုက်စစ်မှုး ဟွိုင်းလွန် လည်း ရှားရှားပါးပါးအခွင့်အရေးတစ်ကြိမ်ရခဲ့ပြီး လီဗာပူးလ်ဂိုးသမား အယ်လီဆန် ကာကွယ်သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မန်ယူညာနောက်ခံလူ ဒါလော့ အနီကတ်ထိခဲ့ပြီး ဒီအနီကတ်ကိုတော့ ကွင်းလယ်ဒိုင်ရဲ့ အမှားတစ်ခုလို့ ပြောချင်ပါတယ်။

ဆော်ဒီကလပ် အယ်လ်အာလီကို ပြောင်းရွှေ့ခဲ့တဲ့ မာရက်ဇ်

မာရက်ဇ် ကို အယ်လ်အာလီအသင်းဟာ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Read More
ပထမပွဲတင် 0-0

လက်ရှိ ကိုပါအမေရိကမှာတော့ ဘရာဇီးလ် ကို လူသိပ်ပြီးအထင်မကြီးပါဘူး။

Read More
ဆုဖလားတစ်လုံး မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်သွားတဲ့ ဘိုင်ယန်မြူးနစ်

အရေးကြီးဆုံးပွဲမှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ လိုအပ်နေတဲ့ နောက်တစ်ဆင့်တက်ခွင့် လက်မှတ်ကို အရယူသွားခဲ့ပါတယ်။

Read More
ကောင်းကောင်း ကစားနိုင်ရင်တောင် မနိုင်တော့တဲ့ မန်ယူ

အခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။

Read More
ဒရမ်မာဆန်တဲ့ Comeback နဲ့ ကွန်မြူနတီဒိုင်းကို ရရှိခဲ့တဲ့ အာဆင်နယ်

ဒီ ကွန်မြူနတီဒိုင်း ဟာ အာဆင်နယ်အသင်းအတွက် (၁၇)​ကြိမ်မြောက် ကွန်မြူနတီဒိုင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။

Read More