ပရီးမီးယားလိဂ် ဒိုင်ယာရီ (၉)

Published 10 months ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၉)

" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် " 

⚽⚽⚽⚽ 

ဒီတစ်ပတ်မှာ မန်စီးတီး ၊ လီဗာပူးလ်တို့ နိုင်ပွဲ ပြန်ရခဲ့သလို မန်ယူ ပရီးမီးယားလိဂ် (၂)ပွဲဆက် ပထမဆုံးအကြိမ်ဒီရာသီမှာနိုင်ခဲ့ပါတယ်။ ချယ်လ်​ဆီးနဲ့အာဆင်နယ် တို့ရဲ့သရေပွဲက မျှတခဲ့ပြီးအသင်းတိုင်းလိုလို ဒီတစ်ပတ်အပြီးမှာလမ်းကြောင်းတစ်ခုပေါ်ပြန်တက်နိုင်ခဲ့ကြတာကြောင့် လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် လို့ခေါင်းစဥ် ပေးလိုက်ရပါတယ်။ 

⚽ အနီကတ်တစ်ကတ် ၊ ပယ်နယ်တီ တစ်လုံးမှာ ကိုယ့်ဆရာတွေပြန်မကန်ချင်ကြတော့ပါလား ဆိုပြီး ခပ်နောက်နောက်စ လိုက်ချင်တယ်။ဒါဟာ ဘောလုံးဖြစ်တယ်။ ဒီနေ့ ကံဆိုးရင် နောက်နေ့ ကံကောင်းမှာပဲ ဆိုတာကိုနားလည်ထားဖို့လိုပါလိမ့်မယ်။ဘောလုံးလောက က ဒီလိုနဲ့လည်ပတ်နေတာ။ အမြဲတမ်းတော့ ကံဆိုးမနေပါဘူး။ အငြင်းပွားစရာလေးတွေရှိနေမှဘောလုံးပွဲတွေက အရသာရှိနေမှာမဟုတ်လား။ 

⚽ ရိုဒရီ ပါလာတာနဲ့ နိုင်ပွဲဆိုတဲ့ ဇာတ်လမ်းကို ရေးဖွဲ့လိုက်ကြတာပေါ့။ ဘောလုံးအသင်းဟာ ကစားသမားတစ်ယောက်ကြောင့် ဖြစ်တည်နေတာမျိုးမဟုတ်ပေမယ့် ကစားသမားတစ်ယောက်က အသင်းရဲ့အနေအထားကို ပြောင်းလဲပေးနိုင်ပါတယ်။ ရိုဒရီ မပါရင် ရုန်းကန်ရတယ်။ ပါရင် နိုင်တယ်ဆိုတဲ့ တခြားတစ်ဖက်မှာ အဖြေရှာရမှာက ရေရှည်မှာ ဒီအတိုင်းဆက်သွားလို့ မရတော့ဘူးဆိုတဲ့ မေးခွန်းကိုပါပဲ။ 

⚽ မူဒရစ် ဂိုးက ဂိုးသမားတက်နေလို့ကန်လိုက်တာဆိုတာကို လက်မခံနိုင်ကြသလို အာဆင်နယ် ဘက်မှာ ကံတရားရှိခဲ့တယ်ဆိုတာကိုလည်း လက်မခံကြပါဘူး။ ကိုယ်အားပေးတဲ့ အသင်းကို စကားလုံးအစ အကြောမခံနိုင်တဲ့ အားပေးသူတွေရှိနေလို့ ဘောလုံးလောက က မြိုင်ဆိုင်နေတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂)လုံးအတွက်တော့ ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့တာပါပဲ။ အာဆင်နယ်ဒီရာသီမှာ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာမျိုးကိုလည်း ခံစားရပါတယ်။ 

⚽ အကောင်းဆုံး မဖြစ်ခဲ့ပေမယ့် လိုအပ်တဲ့ နိုင်ပွဲကိုတော့ ပုံဖော်ခဲ့ကြပါတယ်။ (၂)ပွဲဆက် ပရီးမီးယားလိဂ်အနိုင်နဲ့ တည်ငြိမ်မှုတစ်ခု ရှိသွားပြီလို့ မြင်မိတယ်။ ဘရန့်ဖို့ဒ်နဲ့ ရှက်ဖီးလ် ဆိုပေမယ့် အခက်အခဲမျိုးစုံ ဖြစ်နေတဲ့ အသင်းအတွက်တော့ ချိုမြိန်ပါတယ်။ အသင်းကြီးဆန်ဆန် ဂိုးပြတ်နိုင်ပွဲတွေလိုအပ်နေသေးတာ အမှန်ပါပဲ။ ဒါလော့ ရဲ့ သွင်းဂိုးကတော့ အဆင့်အတန်းမြင့်ခဲ့ပါတယ်။

စပါး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။

Read More
ရီးယဲလ်နဲ့ သတင်းတွေကြီးနေတဲ့ အလွန်ဆို

ဒီရာသီအစမှာလည်း အလွန်ဆို ရဲ့ လေဗာကူဆင်အသင်းဟာ အဖွင့်တော်တော်လှနေပါတယ်။

Read More
လေဗာကူဆင်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ အလွန်ဆို

သူကို လိုချင်တဲ့အသင်းကတော့ သူရဲ့ကစားသမားဘဝအသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။

Read More
မေဆန်မောင့် နားရမယ်

ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။

Read More
ဒရမ်မာဆန်တဲ့ Comeback နဲ့ ကွန်မြူနတီဒိုင်းကို ရရှိခဲ့တဲ့ အာဆင်နယ်

ဒီ ကွန်မြူနတီဒိုင်း ဟာ အာဆင်နယ်အသင်းအတွက် (၁၇)​ကြိမ်မြောက် ကွန်မြူနတီဒိုင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။

Read More