တည်ငြိမ်တဲ့ ပုံစံကိုအရင်ရှာဖွေရမယ်

Published 1 month ago by Bawlonelive
တည်ငြိမ်တဲ့ ပုံစံကိုအရင်ရှာဖွေရမယ်
-------------------------
 
ရလဒ်လေးတွေ ကောင်းလာတော့ မန်ယူ
ပြန်တက်လာမယ်ဆိုပြီး ယူဆခဲ့ကြပေမယ့်
ဘရိုက်တန် ကို အိမ်ကွင်းမှာ ရှုံးသွားခဲ့တယ်။
သိပ်တော့လည်း မဆန်းပါဘူး။ ဒါတွေက
နည်းပြအဆက်ဆက်ဖြစ်နေကြတွေပါ။
 
ဒီတော့ လိုအပ်နေတဲ့ အရာတစ်ခုကိုသွား
တွေ့ပါတယ်။ ဒါက တည်ငြိမ်တဲ့ ပုံစံကို
အရင်ရှာဖွေရမယ် ဆိုတာပါပဲ။
 
ဆိုလိုချင်တာက ခိုင်မာတဲ့ ပွဲထွက် (၁၁)
ယောက်လိုတာပါ။ အမော်ရင်မှာ က
ဒီ (၁၁)ယောက်က ရှိနေပါပြီ။ ဒါပေမယ့်
သူက လူတွေကို လှည့်သုံးနေတယ်။
 
ပွဲဆက်တွေများနေတဲ့ အခြေအနေအရ
လူလှည့်သုံးတာ နားလည်ပေမယ့် မန်ယူ
က လူလှည့်သုံးတာထက် အထိုင်တစ်ခု
ကိုသာ အရင်လိုအပ်နေတာပါ။
ဂိုးကနေ စမယ်ဆို ဂိုးသမား (၂)ယောက်
လုံးက အားသာချက် ၊ အားနည်းချက်
ကိုယ်စီနဲ့ပါ။ အိုနာနာ ဆို မကြာခဏ
ထဖောက်တတ်ပါတယ်။ ဂိုးနေရာက
အမော်ရင်ပထမဆုံး ဖြေရှင်းရမယ့် နေရာ
ပါပဲ။
 
နောက်တန်းမှာက ဒီလိဂ် ၊ မက်ဂွိုင်းယား ၊
မာတီနက်ဇ် က အကောင်းဆုံးပါ။ ဒါပေမယ့်
အမော်ရင် က ယိုရို အတွက် နေရာတစ်ခုကို
ရှာချင်နေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ
ညာခြမ်းပို့တော့လည်း အဆင်မပြေသလို
ဘရိုက်တန်နဲ့ပွဲမှာ ဘယ်ခြမ်းကစားခိုင်း
တော့လည်း လိုအပ်ချက်ကများနေသေးပါ
တယ်။ ယိုရို က လူစားဝင်လောက်သာ
အဆင်ပြေနေသေးပြီး သူ့အတွက်နေရာတစ်
ခုစမ်းချင်ရင်တော့ ဖလားပွဲတွေ နဲ့ ဖိအား
သိပ်မရှိတဲ့ ယူရိုပါလိဂ်ပွဲတွေမှာသာ စမ်း
သင့်ပါတယ်။
 
မနေ့ကသာ ပုံမှန်အတိုင်း မာတီနက်ဇ် ကစား
ခဲ့ရင် ခံစစ်ပိုင်းတည်ငြိမ်မှု ၊ ဘောလုံးကိုင်ထား
နိုင်မှု နဲ့ ကစားကွက်တည်ဆောက်မှုတွေမှာ
အများကြီး ကောင်းနိုင်တယ်ဆိုတာ အားလုံး
သိထားပြီး ဖြစ်ပါလိမ့်မယ်။
 
နောက်တန်းအစွန်နေရာတွေမှာတော့ မက်ဇာ
ရာဝီက ဘာမှပြောစရာမရှိပါဘူး။ ဒါလော့ ကို
ဘယ်ခြမ်းကစားခိုင်းရင် လူရှိနေရုံလောက်
ထက်ဘာမှမပိုပါဘူး။ လုခ်ရှော ကလည်း ပြန်
လာဖို့ကြာမယ်။ အမော်ရင် အတွက် နောက်
တန်းအစွန်နေရာတွေက အရေးပါတော့ ဘယ်
ခြမ်းအတွက် လူခေါ်သင့်ပါပြီ။
 
ကွင်းလယ်မှာ အဖြစ်သင့်ဆုံးက အူဂါတေး ၊
ဖာနန်ဒက်စ် အတွဲပါ။ အချိန်တန်ရင် ဖာနန်ဒက်
စ် က နောက်ပြန်ဆင်းရလို့ ဒီအတွဲကိုပဲ ပင်တိုင်
အလယ်မှာထားလိုက်ရင် ပိုအဆင်ပြေပါလိမ့်
မယ်။ မိုင်နူး လည်း ရွေးချယ်စရာတစ်ခုအဖြစ်
ရှိနေမယ်။ ပြီးတော့ ပွဲအခြေအနေပေါ်မူတည်
ပြီး ကက်စ်မဲရိုး ၊ အဲရစ်ဆင် တို့ကိုပိုသုံးသင့်
ပါတယ်။ ကော်လေယာ က နုပါသေးတယ်။
အမော်ရင် က ပွဲကစားခွင့်တွေပေးနေပေမယ့်
သူက ပွဲကို အပြောင်းအလဲလုပ်နိုင်တဲ့သူမျိုး
မဟုတ်သေးပါဘူး။ သူ့အတွက် အချိန်လိုပါ
သေးတယ်။
 
တောင်ပံမှာတော အာမတ်ဒီယာလို ၊ ဂါနာချို
က အကောင်းဆုံးပါပဲ။ ဂါနာချို နဲ့ ပတ်သက်
ပြီး ပြောရရင် အခုမှ အသက် (၂၀)ပဲရှိသေး
တာ ၊ အသင်းအတွက် ကစားထားတဲ့ရာသီက
လက်ချိုးရေလို့ရတာ ၊ အခိုက်အတန့်ကောင်း
တွေဖန်တီးနိုင်တာ ၊ စွမ်းဆောင်ရည်က ခြုံကြည့်
ရင် အဆင်ပြေပြေရှိနေတာ စတာတွေကြောင့်
အသင်းမှာ ဆက်ရှိဖို့လုံလောက်ပါတယ်။ အသက်
ငယ်သေးလို့ ခြေစွမ်းသိပ်မတည်ငြိမ်တာက
နားလည်ပေးကြရမယ့် အရာဖြစ်ပါတယ်။
တိုက်စစ်မှာက ဟွိုင်းလွန် ပါပဲ။ လတ်လော
ဇက်ဇီ ကောင်းလာတယ်ဆိုပေမယ့် လူစား
ဝင်အနေနဲ့သာ ပိုအဆင်ပြေတာပါ။ သဘော
တရားက ဟွိုင်းလွန် ရဲ့ တိုးအား ရုန်းအားကို
ခံထားရတဲ့ ပြိုင်ဘက်နောက်တန်းက ဇက်ဇီ
ဝင်လာတဲ့ အခါ သူ့ရဲ့ဘောလုံးပညာကြောင့်
နေရာလွတ်တွေပိုပေးလိုက်ရတယ်။ ဒီလိုဖြစ်
လာဖို့ အစောပိုင်းမှာ ဟွိုင်းလွန် က လုပ်ထား
တယ်။ ဒီသဘောပါပဲ။
 
ဒီတော့ ပွဲထွက်လူစာရင်းကို အခိုင်အမာတည်
ပြီး လူစားဝင်ကစားသမားတွေနဲ့ အလှည့်အ
ပြောင်းတွေ ဖန်တီးမယ်ဆိုရင်တော့ ပိုတည်
ငြိမ်တဲ့ ရလဒ်တွေကို ရှာဖွေနိုင်မယ်လို့ယူဆ
မိပါတယ်။
စပါး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။

Read More
အနိုင်ကို စာလုံးပေါင်းပြမှပဲ ရတော့မယ်

ဘိုင်ယန်ကို နိုင်ခဲ့တဲ့အသင်းကို သရေရခဲ့တာဆိုပြီး ဂုဏ်ယူကောင်းလည်း ဂုဏ်ယူနေနိုင် ပါတယ်။

Read More
နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့တဲ့ မန်ယူ

နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။

Read More
ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကိုင်စီဒို

ချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။

Read More
ရလဒ်တွေဆိုးနေတဲ့ စပါး

ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ စပါးအသင်းဟာ (၁)ပွဲသာ သရေရထားပြီး (၄)ပွဲထိ ရှုံးထားပါတယ်။

Read More