လီဗာပူးလ် - မန်ယူ
Super Sunday ည (၁၁:၀၀)နာရီ
လီဗာပူးလ် က မသိမသာလေးတော့ ကျနေတယ်ဆိုပေမယ့် ပွဲကျပ်ကာလမှာ နိုင်ပွဲတွေ ဆက်တိုက်ယူနိုင်တာက အခုလို ထိပ်ဆုံးရောက်နေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ခြေစွမ်းမကောင်းတောင် ပွဲတစ်ပွဲကို အနိုင်ယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဒါက ချန်ပီယံ ဖြစ်တဲ့အသင်းတွေမှာသာ ရှိတဲ့အရာမျိုးပါ။ အခုထိတော့ တစ်ခုခုဆို ဆာလာ က အဖြေရှာပေးနေရတုန်းပါပဲ။ ဆာလာ ခင်းပေးတဲ့ လမ်းကြောင်းပေါ် သွားနေတဲ့ အသင်းလို့လည်း ပြောလို့ရပါတယ်။ နေရာစုံကနေ သွင်းဂိုးတွေရနေတာကလည်း ရလဒ်ကောင်းတွေရဲ့အဓိကအချက်ပါပဲ။ အခုနောက်ပိုင်းမှာ ခက်ခက်ခဲခဲကစားပြီးမှ နိုင်ပွဲတွေရနေတယ်ဆိုပေမယ့် ဒီပွဲမှာတော့ ခက်ခဲမယ်လို့မထင်ပါဘူး။
ချန်ပီယံလိဂ်ကနေ ထွက်ရပြီး ယူရိုပါလိဂ်ပါ ဝင်ခွင့်မရတာ ဆိုးပေမယ့် အဆိုးထဲက အကောင်းကတော့ ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်လို့ရသွားတာပါပဲ။ထိပ်သီး (၄)သင်း သင်းစာရင်းဝင်ဖို့ အခုချိန်ကစကြိုးစားရင် မီပါသေးတယ်။ ဒီပွဲကတော့ လုပ်နိုင်သလောက်ကိုပဲ လုပ်ရမယ့်ပွဲမျိုးပါ။ ရှုံးပွဲတွေဆက်နေပြီး တစ်သင်းလုံးနီးပါး နာနေသလို ပွဲပယ်တွေလည်းရှိနေတဲ့ အသင်းဆီကနေ မျှော်လင့်ချင်စရာ ဘာမှမရှိပါဘူး။ အန်ဖီးလ်ဆိုတာနဲ့ ရလဒ်တွေဆိုးနေခဲ့တာလည်း ကြာနေပါပြီ။ နည်းပြတန်ဟက် ရှိတဲ့လူနဲ့လှအောင်လုပ်ရမယ့် ပွဲမျိုးလည်း ဖြစ်ပါတယ်။
ဒီပွဲမှာတော့ အနိုင်ရလဒ်အတွက် လီဗာပူးလ်ကို ရွေးရမှာပါ။ တခြား ဘာမှမရှိပါဘူး။ လီဗာပူးလ် (၃-၁)မန်ယူ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
ဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read Moreအသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read Moreဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
Read Moreစပိန်ကလပ်အသင်း (၄)သင်း (၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။
Read More