ဒုတိယအကျော့ကို ဆက်ပြီး ရင်ခုန်ရဦးမယ့် ဘိုင်ယန်မြူးနစ် နဲ့ ရီးယဲလ်

Published 2 months ago by Bawlonelive

ဒုတိယအကျော့ကို ဆက်ပြီး ရင်ခုန်ရဦးမယ့် ဘိုင်ယန်မြူးနစ် နဲ့ ရီးယဲလ်

------------------------------ 

ဘိုင်ယန်မြူးနစ် ၂-၂ ရီးယဲလ် 

ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ကံဆိုတဲ့ စကားကို ဒီပွဲမှာလည်းထပ်ပြောရပါလိမ့်မယ်။ ရီးယဲလ်မဟုတ်ပဲ တခြားအသင်းတစ်သင်းဆို ဒီပွဲကိုရှုံးသွားပါပြီ။ ရီးယဲလ်ဖြစ်နေလို့ကို မရှုံးခဲ့ပဲ ရှုံးတော့မယ့် အနေအထားကနေ သရေပြန်ရခဲ့တာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်မှာ မရှုံးအောင်ကစားတတ်တာ ၊ လိုအပ်တဲ့ရလဒ်တွေရယူနေတာ ဆိုပြီး ပြောလို့ရပေမယ့် လက်တွေ့မှာတော့ ခြေစွမ်းက အရင်ကလို ပြိုင်ဘက်ကို ကွင်းမရွေး ၊ နေရာမရွေး အသာစီးနဲ့ ကစားနိုင်တော့တာမျိုးမဟုတ်ပါဘူး။ ခံကစားပြီး ရလဒ်ကောင်းရလာတာတွေများလာသလို အခုပွဲမှာလည်း ဒီအနေအထားကို မြင်ခဲ့ရပါတယ်။ 

ပွဲစစခြင်းမှာတော့ ပွဲက ဘိုင်ယန်မြူးနစ် ခြေ ၊ ဘိုင်ယန်မြူးနစ် လက်ပါပဲ။ အဲဒီအချိန်အတွင်းမှာ အခွင့်အရေးတွေရပြီး ဂိုးအဖြစ်သာပြောင်းလဲနိုင်ခဲ့ရင် ပွဲကို ဘိုင်ယန်မြူးနစ် က အေးအေးဆေးဆေးထိန်းသွားတာမျိုးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရီးယဲလ်ရဲ့ တစ်ချက်ကောင်းမှာ ဘိုင်ယန်မြူးနစ် ခံလိုက်ရပြီး ပွဲချိန်(၂၄)မိနစ်မှာ တိုနီကရူးစ် ရဲ့ အကွက်မြင်လွန်းတဲ့ ပေးပို့မှုကနေ ဗီနီစီယက်စ် အလိုက်သင့်ပြေးထွက်ကန်သွင်းကာ ရီးယဲလ်အတွက် ဦးဆောင်ဂိုးစသွင်းပေးခဲ့ပါတယ်။ (၀-၁)ဖြစ်သွားပေမယ့် ဘိုင်ယန်မြူးနစ် ကပဲ ချေပဂိုးရဖို့ ကစားကွက်အသာနဲ့ ကြိုးစားနေခဲ့လို့ ရီးယဲလ် ကစားပုံက ဂိုးရသွားလို့ ထင်သလောက်တက်လာတာမျိုးမရှိခဲ့ပါဘူး။ 

ဒုတိယပိုင်းမှာလည်း ရီးယဲလ်က ဒီအတိုင်းပဲဖြစ်နေလို့ ဘိုင်ယန်မြူးနစ် အကြိုက်ဖြစ်သွားပြီး ဂိုးတွေဆက်တိုက်မြင်ခဲ့ရပါတယ်။ ပွဲချိန်(၅၃)မိနစ်မှာ ဆာနေး ရဲ့ အပြင်းကန်ချက် ချေပဂိုး ၊ ပွဲချိန်(၅၇)မိနစ်မှာ ဟယ်ရီကိန်း က ပယ်နယ်တီ ကနေ ဂိုးသွင်းပြီး ပွဲကို ဘိုင်ယန်မြူးနစ် ဦးဆောင်လိုက်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာလည်း ပွဲကဒီပုံအတိုင်းသာဖြစ်နေသလို ဘိုင်ယန်မြူးနစ် နိုင်တော့မယ့်ထင်နေချိန်မှာ ရီးယဲလ် ပယ်နယ်တီ ရသွားပြီး ပွဲချိန်(၈၃)မိနစ်မှာ ဗီနီစီယက်စ် က (၂-၂)ဖြစ်စေခဲ့ပါတယ်။ 

ဒီပွဲရဲ့မင်းသားက ဗီနီစီယက်စ် ဖြစ်ခဲ့သလို တစ်ဖက်မှာ သူဒီလိုဖြစ်အောင် ပံ့ပိုးပေးခဲ့သူက ဘိုင်ယန်မြူးနစ်နောက်ခံလူ ကင်မင်ဂျေး ပါပဲ။ ဘိုင်ယန်မြူးနစ် ဂိုးပေးလိုက်ရတဲ့ အနေအထားတွေမှာ ကင်မင်ဂျေး ရဲ့ မပါးနပ်မှုတွေက အများကြီးပါဝင်ခဲ့ပါတယ်။ နောက်ခံလူတစ်ယောက်အနေနဲ့ အထာနပ်နေရမယ့် အရာမျိုးတွေမှာ ကင်မင်ဂျေး က အားနည်းချက်ကြီးခဲ့တာဖြစ်ပါတယ်။ 

တစ်ဖက် (၂)ဂိုးစီ သရေကျခဲ့လို့ ဒုတိယအကျော့ကို ဆက်ပြီး ရင်ခုန်ရဦးမှာပါ။ ဗိုလ်လုပွဲကိုတက်ချင်ကြရင်တော့ (၂)သင်းလုံး အခုပွဲထက် လာမယ့် ဒုတိယအကျော့ပွဲမှာ ပိုကောင်းအောင်ကစားဖို့တော့လိုပါတယ်။

PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More
စပိန်ထိပ်သီးတွေ ခေါ်ချင်နေကြတဲ့ ဂရင်းဝုဒ်

နဂိုတည်းက အရည်အချင်းရှိတဲ့သူမို့လို့ ဂီတာဖေး မှာအစွမ်းပြနေတာ ဘာမှတော့မဆန်းပါဘူး။

Read More
ထိုက်တန်စွာ နိုင်ခဲ့တဲ့ အာဆင်နယ်

မန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Read More
မန်ယူ - ကိုပင်ဟေဂင် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၄)

" ၂၀၂၄ မန်ယူ နဲ့ ဒါဇင်ဝက် အာဆင်နယ် " 

Read More