ပရီးမီးယားလိဂ် ဒိုင်ယာရီ (၇)

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၇)

" မရှိသင့်တဲ့ VAR "

⚽⚽⚽⚽ 

⚽ အာဆင်နယ် က ကပ်ပဲနိုင်တယ်ဆိုတဲ့အသံတွေနုတ်ဆိတ်ခဲ့။ ဟာဗက်ဇ် ရဲ့ပယ်နယ်တီဂိုးမှာ နောက်ထပ် သွင်းဂိုးနဲ့ ဖန်တီးမှုကံတွေ ထပ်ပါလာဖို့ မျှော်လင့်မိပါရဲ့။ခက်ခဲနေချိန် ဟာဗက်ဇ် ကို ကူညီခဲ့တဲ့အိုဒီဂတ် ရဲ့အသင်းခေါင်းဆောင် ပီသမှုကလည်း ကျေနပ်စရာ။ မန်စီးတီး ၊လီဗာပူးလ် တို့ ရှုံးခဲ့ချိန်မှာ ရခဲ့တဲ့(၃)မှတ်က (၃)မှတ်မက တန်တယ်လို့ဝံ့ကြွားလိုက်ကြစို့လား။ 

⚽ မန်ယူ မနိုင်ဆိုတဲ့ ဗီဒီယိုလေးတစ်ခုကိုတောင် သတိရမိသွားတယ်။ ကံဆိုးပြီဆို ဘယ်လိုလုပ်လုပ် အရာအားလုံးနောက်ကောက်ကျသွားတဲ့ ဒဏ်ကို အလုံးအရင်းနဲ့ ခံနေရပြီပဲပြောမလား။ VAR ကလည်း မန်ယူဆိုမျက်ကွယ်ပြုချက်။ ရသင့်တာတွေ မရတဲ့အသင်းက ပိုခက်လေ ၊ ပိုရုန်းလေ ဆိုတဲ့စက်ဝိုင်းထဲမှာ နာကျင်စွာ လည်ပတ်လို့။ 

⚽ မန်စီးတီး ရှုံးတယ်တဲ့။ ပွဲဆက်များမှု ၊ ကွင်းလယ် အားလျော့မှုတွေက ဒီပွဲရဲ့အဖြေ။ ဘောလုံးဦးနှောက်ကောင်းတဲ့ ကွင်းလယ်လူအားကိုးတဲ့အသင်းက ဒီကစားသမားတွေမကစားနိုင်ချိန်မှာ ရှုံးခဲ့တာသိပ်တော့မဆန်း။ နောက်ပွဲတွေပြန်လာနိုင်မယ့် ပုံမှန်ရှုံးပွဲသာဖြစ်ဖို့ မျှော်လင့်မိပေမယ့် မန်စီးတီးကွင်းလယ်အခြေအနေကြောင့် ဝိုးတဝါး နဲ့မရေမရာ။ 

⚽ VAR ဇာတ်ညွန်းတွေက ဆိုးမှဆိုးပဲ။ လီဗာပူးလ် အလှည့်မှာ ဘက်လိုက်သလိုဖြစ်သွားတော့ တောင်းပန်ပါတယ်ပေါ့။ကွင်းထဲက ဒိုင် အမှားထက် ကွင်းပြင်က အေးဆေး ဆုံးဖြတ်နေရတဲ့ အမှားက ခံစားရပိုခက်စေတယ်။ ဖြစ်ချင်တာကို ပုံသွင်းဖို့ ဖန်တီးထားတဲ့ အရာမရှိစေချင်တော့ဘူး။ VAR မရှိတဲ့ ဘောလုံးကမ္ဘာမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ကြတာမဟုတ်လား။ 

⚽ ချယ်လ်ဆီးရဲ့ ဒုတိယနိုင်ပွဲ။ ပြိုင်ပွဲစုံ(၂)ပွဲဆက်နိုင်ပွဲ။ ပြန်လာပြီတို့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီတို့ ပြောဖို့စောနေသေးပေမယ့် ကောင်းတာလေးတွေမြင်တွေ့ခဲ့ရတာတော့ အမှန်။ ချယ်လ်ဆီး အဆင်ပြေစပြုလာခဲ့ပြီ။

မန်ယူ - စပါး ပွဲကြိုသုံးသပ်ချက်

မန်ယူအသင်းက အကျပိုင်းရောက်နေချိန်မှာတောင် ချယ်လ်ဆီး ၊ ဗီလာ တို့ကိုနိုင်ထားလို့ လျှော့တွက်လို့တော့မရပါဘူး။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၀)

" မန်ချက်စတာ က မိုးပြာရောင် "

Read More
ကစားသမား ဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ ဟာဇက်

ဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ​ကြေညာခဲ့ပါတယ်။

Read More
ဘရိုက်တန် ဆိုတာနဲ့ ရှုံးတဲ့ မန်ယူ

ပြောရမယ်ဆို တန်ဟက် ခေါင်းမာမှုကိုလျော့သင့်ပါပြီ။

Read More
စပါးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဗာနာ

ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။

Read More