အိမ်ကွင်းမှာ ချယ်လ်ဆီးကို လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ အာဆင်နယ်

Published 11 months ago by Bawlonelive

အိမ်ကွင်းမှာ ချယ်လ်ဆီးကို လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ အာဆင်နယ်

------------------------------ 

အာဆင်နယ် ၅ - ၀ ချယ်လ်ဆီး 

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲက တစ်ဖက်စောင်းနင်းပါပဲ။ အာဆင်နယ် က လုပ်ချင်သလိုကို လုပ်ခဲ့တာပါ။ ချယ်လ်ဆီးကတော့ မန်စီးတီးနဲ့ပွဲက ခြေစွမ်းနဲ့တခြားစီဖြစ်ခဲ့ပြီး တော်တော်လေးကို ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။ အာဆင်နယ်အတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခြေတစ်လှမ်းရှေ့ထပ်တိုးလိုက်တဲ့ ပွဲမျိုးလည်းဖြစ်ပါတယ်။ 

ချယ်လ်ဆီးမှာ ပယ်လ်မာ မပါဘူးဆိုတည်းက ချယ်လ်ဆီး ဘယ်လိုကစားမလဲကို စိတ်ဝင်စားမိခဲ့ပါတယ်။ ပယ်လ်မာ ကို အားကိုးလွန်းအားကြီးနေကြပေမယ့် သူမပါလည်း အသင်းကြီးတစ်သင်းပီပီ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့မယ်လို့ထင်မိခဲ့တာပါ။ လက်တွေ့မှာတော့ ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ကိုမြင်ခဲ့ရသလို သာမာန်ပေးပို့မှုတွေတောင်မလုပ်နိုင်တော့ပဲ ကွင်းလယ်ကနေ ဘောလုံးဆင်တာမျိုးတွေလည်း လုံးဝရှိမလာတော့ပါဘူး။ ကစားသမားတစ်ဦးတည်း အပေါ် မီခိုလာလွန်းတဲ့ ဒဏ်ကို ဒီပွဲမှာ ကြီးကြီးမားမား ခံလိုက်ရတာဖြစ်ပြီး ပယ်လ်မာ မပါရင် ဘောလုံးကစားဖို့တောင် ခက်တဲ့ပုံမျိုးဖြစ်သွားပါတယ်။ 

ဒီတော့လည်း ချန်ပီယံဖြစ်ချင်တဲ့ အာဆင်နယ်ရဲ့ ဂိုးတွေကို မြင်ခဲ့ရတာပါပဲ။ ပွဲအစ (၄)မိနစ် ထရော့ဆဒ် ရဲ့ ဂိုးဖြစ်သွားတဲ့ အနေအထားမှာတင် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကစားကွက်ပိုင်း အားနည်းချက်ကြီးနေတာကို ထင်ထင်ရှားရှားမြင်ခဲ့ရပါတယ်။ နောက်ခံလူ ဘန်ဝှိုက် လည်း (၅၂)နဲ့ (၇၀)မိနစ်တွေမှာ ဂိုးတွေရခဲ့သလို ဟာဗက်ဇ် ကလည်း အသင်းဟောင်း ချယ်လ်ဆီးဘက်ကို (၅၇)နဲ့ (၆၅)မိနစ်တွေမှာ (၂)ဂိုးသွင်းခဲ့ပါတယ်။ 

အိုဒီဂတ် ရဲ့ ခြေစွမ်းတော်တော်လေး ပြီးပြည့်စုံတဲ့ပွဲဖြစ်ခဲ့ပြီး မာတင်နယ်လီ သာ မဖြုန်းတီးခဲ့ရင် အာဆင်နယ် အခုထပ်ပိုတဲ့ ဂိုးပြတ်ရလဒ်နဲ့အနိုင်ရရှိခဲ့မှာဖြစ်ပါတယ်။

မန်စီးတီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။

Read More
ကိုပင်ဟေဂင် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဒီ(၂)သင်းကြားမှာ ကွာခြားချက်တစ်ခုရှိသလို ပွဲအဖြေကိုပြောင်းလဲပေးနိုင်သူတွေကလည်း မန်ယူမှာသာရှိတာပါ။

Read More
ဂျာမနီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဟန်ဆီဖီလစ်

လက်ရှိမှာတော့ ဂျာမနီအသင်းနည်းပြရာထူးအတွက် နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်း က ရေပန်းစားနေပါတယ်။

Read More
ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဗီနီစီယက်စ်

စာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။

Read More
မေဆန်မောင့် နားရမယ်

ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။

Read More