ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ် နဲ့ မန်စီးတီး

Published 1 year ago by Bawlonelive

ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ် နဲ့ မန်စီးတီး

----------------------------- 

လီဗာပူးလ် ၁ - ၁ မန်စီးတီး 

ဒီပွဲက ရှားပါးပွဲစဥ်တစ်ပွဲပါ။ ဘာလို့လဲဆိုတော့ မန်စီးတီး က သရေရဖို့ ခံကစားခဲ့သွားလို့ပါပဲ။ လီဗာပူးလ်က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ မန်စီးတီး ကတော့ သူတို့ရဲ့အဆင့်အတန်းအရဆို ညံ့ခဲ့တဲ့ပွဲပါပဲ။ 

ဒီပွဲမှာ ပြောင်းပြန်အခြေအနေလေးတွေကိုလည်း မြင်ခဲ့ရပါသေးတယ်။ ဒါကတော့ လီဗာပူးလ် ကစားပုံကတစ်ဆင့်ချင်းသွားခဲ့တာနဲ့ မန်စီးတီး က ဘောလုံးရတာနဲ့ တိုက်စစ်ကို တိုက်ရိုက်စတင်တာတွေပါ။ ပွဲကြီးတွေမှာ ဟာလန်း မတိုးဘူးဆိုတာကို ထပ်မြင်တွေ့ရတဲ့ ပွဲဖြစ်​ပြီး သူ့ကိုမပံ့ပိုးပေးနိုင်ရင် သူလည်း ဘာမှမလုပ်နိုင်ပါဘူး။ 

ဦးဆောင်ဂိုးကို မန်စီးတီး စရခဲ့တာဖြစ်ပြီး ပွဲချိန်(၂၃)မိနစ်မှာ ဒီဘရိုင်းနား ရဲ့ ထောင့်ကန်ဘောကနေ ဂျွန်စတုန်းစ် က သွင်းယူခဲ့တာပါ။ ထောင့်ကန်ဘောလို အနေအထားမျိုးမှာ ပြိုင်ဘက်ခံစစ်ကစားသမားတစ်ဦးကို လုံးလုံးကြီးလွှတ်ထားတဲ့ လီဗာပူးလ်အသင်း အမှားကြောင့် ပေးဆပ်လိုက်ရတာဖြစ်ပါတယ်။ 

ဒုတိယပိုင်းအစမှာပဲ လီဗာပူးလ် ပယ်နယ်တီရခဲ့ပြီး ဂိုးသမား အီဒါဆန် က နူနက်ဇ် ကိုတားဆီးပုံကြမ်းခဲ့လို့ရခဲ့တာပါ။ ဒီပယ်နယ်တီကို ပွဲချိန်မိနစ် (၅၀)မှာ မက်အယ်လစ္စတာ က အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် (၆၀)နောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်က စိုးမိုးသွားခဲ့ပြီး မန်စီးတီးကွင်းလယ်လုံးဝကို ပျက်သွားပါတော့တယ်။ 

ဒီယက်ဇ် ကစားတာ ကောင်းပေမယ့် အပိုင်အခွင့်အရေးတွေ ဖြုန်းခဲ့လို့ လီဗာပူးလ် နစ်နာခဲ့ရပါတယ်။ လီဗာပူးလ် ဘက်က ဆာလာ ၊ ရော်ဘတ်ဆန် တို့ကိုထည့်ပြီး တိုက်စစ်မြင့်ခဲ့သလို မန်စီးတီးကလည်း ပွဲထိန်းဖို့ ကိုဗာချစ်ကိုထည့်ခဲ့ပါတယ်။ ပွဲပြီးခါနီး ဒိုကူရဲ့ ကန်ချက်တိုင်ထိခဲ့တာနဲ့ ဒိုကူ မက်အယ်လစ္စတာ ကို ကန်ခဲ့တာတွေက လွဲရင် ကျန်တဲ့အချိန်တွေကတော့ ကြည့်နေရင်းနဲ့ပဲ သရေကျတော့မယ်ဆိုတာကို သိနေခဲ့ရတဲ့ ပွဲမျိုးဖြစ်ပါတယ်။

လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး

လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး -----------------------------အသင်းရဲ့ အဓိက တိုက်စစ်မှုး ဟာလန်း မပါခဲ့လို့ ဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပြီ...

Read More
ဖြစ်ချိန်တန်ရင် ဖြစ်တယ် (ဆောင်းပါး)

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။

Read More
(၃)လထိ နားရဖို့ရှိနေတဲ့ မာတီနက်ဇ်

မာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။

Read More
လူထပ်မခေါ်တော့တဲ့ ရီးယဲလ်

ရီးယဲလ်ကတော့ တိုက်စစ်ပိုင်းကို ဗင်နီစီယက်စ် ၊ ရိုဒရီဂို ၊ ဟိုဆေးလူ တို့နဲ့သာ ရှေ့ဆက်ပါလိမ့်မယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် " 

Read More