ကြည့်ကောင်းလွန်းခဲ့တဲ့ မန်ယူ လီဗာပူးလ်ပွဲ

Published 5 months ago by Bawlonelive

ကြည့်ကောင်းလွန်းခဲ့တဲ့ မန်ယူ လီဗာပူးလ်ပွဲ

----------------------------- 

မန်ယူ ၄ - ၃ လီဗာပူးလ်

(အချိန်ပိုမှာ မန်ယူနိုင်) 

အပြန်အလှန်သွင်းဂိုးတွေ ၊ မန်ယူအသင်းရဲ့ Comeback တွေနဲ့ ဖျော်ဖြေမှုအပြည့်အဝပေးနိုင်ခဲ့တဲ့ ပွဲလို့ ပထမဆုံးပြောရမှာပါ။ ဒီပွဲက ပြောင်းပြန်ပါ။ ပထမပိုင်းမှာ မန်ယူပိုကောင်းပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်ပိုကောင်းပါတယ်။ ဒါပေမယ့် ပထမပိုင်းရလဒ်က (၁-၂) ၊ ဒုတိယပိုင်းက (၁-၀)ပါ။ 

ပွဲချိန် (၁၀)မိနစ်မှာပဲ မန်ယူအတွက် တွမ်မီနေး ဂိုးစသွင်းပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်ကွင်းလယ်က တော်တော်လေးကို ကြဲထွက်နေပြီး ကျစ်ကျစ်လစ်လစ်မရှိပါဘူး။ မန်ယူကလည်း အခွင့်အရေးထပ်ရပေမယ့် ဂိုးမရပါဘူး။ ကစားပုံမကောင်းနေပေမယ့် လီဗာပူးလ်က အခွင့်အရေးတချို့ရခဲ့ပြီး (၄၄)နဲ့ (၄၅+၂)မိနစ်တွေမှာ မက်အယ်လစ္စတာနဲ့ ဆာလာ တို့က ဂိုးတွေဆက်တိုက်သွင်းခဲ့ပါတယ်။ ဒီဂိုးတွေမှာတော့ မန်ယူခံစစ်ပိုင်းက တားဆီးပုံညံ့လွန်းခဲ့ပါတယ်။ 

ဒုတိယပိုင်းကတော့ လီဗာပူးလ်က လုပ်ချင်သလိုကိုလုပ်နေတာပါ။ မက်အယ်လစ္စတာ ၊ ဆိုဘိုဆလိုင် ၊ အန်ဒို တို့ ကွင်းလယ်က ပုံစံကောင်းပြန်ရသွားပြီး မန်ယူ ဘောလုံးပြန်ဖို့ခက်ခဲခဲ့တဲ့အထိ အေးဆေးကစားနေပါတယ်။ ဒီပွဲမှာ ယာဂန်ကလော့ လုပ်လိုက်တဲ့အမှားတစ်ခုရှိပြီး ဒါက ဆာလာ ကိုလူစားလဲလိုက်တာပါပဲ။ ဆာလာ မရှိတော့လို့ အရှိန်အဝါတစ်ခုလျော့ကျသွားခဲ့သလို ပြိုင်ဘက်အသင်းကလည်း တိုက်စစ်ကို ပိုတင်ကစားရဲသွားခဲ့ပါတယ်။ 

တိုက်စစ်အတွက် အန်တိုနီ ၊ အဲရစ်ဆင် ၊ ဒီယာလို တို့ကိုထည့်ပြီး တန်ဟက် အရဲစွန့်လုပ်ခဲ့သလို ဒီယာလို ၊ အန်တိုနီ တောင်ပံ (၂)ထပ် တိုက်စစ်ကစားဟန်ကလည်း လီဗာပူးလ်ခံစစ်ကိုဗျာများစေခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲပြီးခါနီး (၈၇)မိနစ်မှာ အန်တိုနီ က ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ အချိန်ပိုဆက် ကစားစေရမယ့် ချေပဂိုးကိုသွင်းပေးခဲ့ပါတယ်။ 

အချိန်ပိုမှာတော့ မန်ယူက ပိုကောင်းတဲ့အသင်းဖြစ်သွားတယ်။ ယာဂန်ကလော့ ရဲ့လူစားလဲမှုတွေကြောင့် လီဗာပူးလ် လူစာရင်းက နည်းနည်းအားလျော့နေပြီ။ မန်ယူမှာကလည်း နည်းဗျူဟာပိုင်းအရ အန်တိုနီ က ဘယ်နောက်ခံ ၊ ဖာနန်ဒက်စ် က ဗဟိုနောက်ခံ ကစားနေပြီ။ အဲ့အချိန်မှာပဲ လီဗာပူးလ်ကပွဲကိုပြန်ဦးဆောင်လိုက်ပြီး ပွဲချိန် (၁၀၅)မိနစ်မှာ အီလီယော့ ရဲ့ ဘယ်ခြေကန်ချက် ဂိုးဖြစ်ခဲ့တယ်။ 

အဲဒီနောက်ပိုင်းမှာတော့ အနိုင်ဂိုးကိုထိန်းထားတဲ့အသင်းနဲ့ စိတ်ဓာတ်ပိုင်းအပြည့်နဲ့ ကြိုးစားနေတဲ့အသင်းကြား ကွာခြားချက်က အဖြေဖြစ်ခဲ့တယ်။ ပွဲထိန်းနေရင်း လီဗာပူးလ် ပေးပို့မှု အမှား (၂)ကြိမ်လုပ်ခဲ့တယ်။ ဒီ (၂)ကြိမ်ကပဲ (၁၁၂)မိနစ် ရက်ရှ်ဖ်ို့ဒ်နဲရဲ့ ချေပဂိုး ၊ မိနစ် (၁၂၀) အာမက်ဒီယာလို ရဲ့ အနိုင်ဂိုးတွေဖြစ်ခဲ့တယ်။

ဘာ Plan မှမရှိဘူးဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ နည်းပြတန်ဟက် သူ့ရဲ့ Plan တွေကို အကြိမ်ကြိမ်ပြသခဲ့တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။ မန်ယူအသင်းရဲ့ အနိုင်က တကယ့်ကို ထိုက်တန်လွန်းခဲ့ပါတယ်။

မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။

Read More
ဒဏ်ရာကြောင့် နားရမယ့် အဲရစ်ဆင် နဲ့ ဟွိုင်းလွန်

လူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...

Read More
ဖြစ်ချိန်တန်ရင် ဖြစ်တယ် (ဆောင်းပါး)

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။

Read More
ရလဒ်ကောင်းဖို့လိုတဲ့ အာဆင်နယ်

ပထမအကျော့ရလဒ်ကတော့ အာဆင်နယ်နိုင်ပြီး (၂-၁)ဖြစ်ပါတယ်။

Read More
အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဆလီဘာ

(၂၀၂၇)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ရရှိသွားမှာပါ။

Read More