ဖြစ်ချိန်တန်ရင် ဖြစ်တယ် (ဆောင်းပါး)

Published 1 year ago by Bawlonelive

ဖြစ်ချိန်တန်ရင် ဖြစ်တယ်

---------------------------------------- 

(၂၀၀၃)ခုနှစ်မှာ ဒေးဗစ်ဘက်ခမ်း မန်ယူကနေ ရီးယဲလ်ကို ပြောင်းသွားတယ်။ ဒေးဗစ်ဘက်ခမ်း အသင်းပြောင်းသွားလို့ စီရော်နယ်လ်ဒို မန်ယူကိုရောက်လာခဲ့တယ်။ နောက်ပိုင်း ကိစ္စကတော့ အားလုံးသိတဲ့ အတိုင်း စီရော်နယ်လ်ဒို ဟာ ဘောလုံးကမ္ဘာရဲ့ ပုံရိပ်တစ်ခုဖြစ်လာတယ်။ ဒီတော့ ဒေးဗစ်ဘက်ခမ်း သာ ရီးယဲလ်မပြောင်းပဲ မန်ယူမှာဆက်နေခဲ့ရင် ဒီနေ့ ဒီအချိန်မှာ စီရော်နယ်လ်ဒို ဆိုတာဖြစ်လာမလားဆိုတဲ့ မေးခွန်းကိုထုတ်ချင်တယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။ 

ထပ်ပြီးပြောကြရမယ်ဆို ရော်နယ်ဒင်ဟို သာ ဘာစီလိုနာ မပြောင်းပဲ မန်ယူကိုပြောင်းခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ဆုတွေသူရနိုင်မလား။ ဗန်ပါစီ နဲ့ မိုက်ကယ်အိုဝင် တို့ မန်ယူကိုသာမပြောင်းခဲ့ကြရင် သူတို့ ပရီးမီးယားလိဂ်ဖလားကို ကိုင်ခဲ့ရမယ်လို့ ထင်လား။ သူတို့တွေရဲ့ ကံကြမ္မာမှာကိုက ဒါတွေဖြစ်မယ်ဆိုတာပါခဲ့တော့ ဖြစ်ရတော့မယ့် အချိန်တစ်ခုမှာ ဖြစ်နိုင်မယ့် လမ်းစပေါ်ရောက်သွားကြတယ်လို့ပဲ မြင်ပါတယ်။ 

ပြောရရင် ကိုယ်က ဒါဖြစ်ချင်တယ်။ ဖြစ်လာဖို့က ခက်နေတယ်။ ကြိုးစားလုပ်လည်း အရာမထင်နေဘူး။ ဒါပေမယ့် ဖြစ်လာတဲ့ အချိန်ကြတော့လည်း သူ့ဟာသူ လွယ်လွယ်လေးနဲ့ ဖြစ်သွားခဲ့တယ်။ ဒီလိုအခြေအနေမျိုး ကိုယ်တိုင်လည်း ဘဝမှာကြုံဖူးကြမယ်လို့ ထင်ပါတယ်။ 

ဒီတော့ မဖြစ်ခဲ့တဲ့ ဒီဂီယာ ရဲ့အပြောင်းအရွှေ့လေး ဖြစ်လာမလားဆိုပြီး တွေးမိလာတယ်။ အတိတ်က မန်ယူ - ဒီဂီယာ - ရီးယဲလ် အပြောင်းအရွှေ့ ဇာတ်လမ်းလေးပေါ့။ ဒီဂီယာ ရီးယဲလ်ကို လုံးဝရောက်မယ့် အနေအထားမှာ ကံတရားရဲ့ မျက်နှာသာမပေးမှုကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပဲ မန်ယူမှာဆက်နေခဲ့တယ်။ အခုဆို ဒီဂီယာ က အသင်းလက်မဲ့ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ ကော်တိုအာ က လေ့ကျင့်ခန်းအစီအစဥ်မှာ ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့တယ်။ ခွဲစိတ်ရမယ်ဖြစ်လာပြီး ဒီဒဏ်ရာက အချိန်ကြာကြာနားရတယ်ဆိုတာကို အားလုံးသိတယ်။ 

ဂိုးသမားတစ်ဦး ရီးယဲလ် အရေးတကြီးလိုလာပြီ။ ထိပ်တန်းအဆင့်လက်စွမ်းလည်းရှိရဦးမယ်။ ရီးယဲလ်က ပိုက်ဆံလည်း သိပ်မသုံးချင်တော့ အလွတ်နဲ့ခေါ်နိုင်မယ့် ဒီဂီယာ က သူတို့လိုအပ်ချက်တွေနဲ့ ကွက်တိကျနေခဲ့တယ်။ ရီးယဲလ် နဲ့ ဒီဂီယာ တို့ ဆက်တိုက်ဆိုသလို သတင်းတွေထွက်လာတယ်။ 

ဒီအပြောင်းအရွှေ့ကဖြစ်ရင်လည်း ဖြစ်လာမယ်။ မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။ ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ ဒီဂီယာ က ရီးယဲလ်ကစားသမားဖြစ်ဖို့ ကံပါကို ပါခဲ့ပြီး အခုအချိန်က ဖြစ်ဖို့အချိန်ပဲပေါ့။ ဖြစ်ချင်ရင် လွယ်တယ်။ မဖြစ်ချင်ရင် ခက်တယ်ဆိုသလို မျိုးပါပဲ။ 

မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတဲ့ ဘောလုံးလောကမှာ ဒီဂီယာ ရီးယဲလ်ကစားသမား ဖြစ်ဖို့ အချိန်တန်ပြီထင်ပါတယ် ...

ယူရို (၂၀၂၄)ပြိုင်ပွဲ အဖွင့်ပွဲရလဒ်

ဂျာမနီ ၅ - ၁ စကော့တလန်

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၃)

" တနင်္ဂနွေည ကို ဖုံးလွှမ်းသွားတဲ့ ဒါဝင်နူးနက်ဇ် အသံတွေ "

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၀)

" မန်ချက်စတာ က မိုးပြာရောင် "

Read More
ရလဒ်ကောင်းဖို့လိုတဲ့ အာဆင်နယ်

ပထမအကျော့ရလဒ်ကတော့ အာဆင်နယ်နိုင်ပြီး (၂-၁)ဖြစ်ပါတယ်။

Read More
မန်စီးတီး - စပါး ပွဲကြိုသုံးသပ်ချက်

မန်စီးတီးနဲ့တွေ့ရင် စပါးရလဒ်ကောင်းတဲ့ အချိန်တွေပြီးသွားပြီလို့မြင်ပါတယ်။

Read More