ရင်ခုန်စရာအလှည့်အပြောင်းတွေနဲ့ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

Published 1 year ago by Bawlonelive

ရင်ခုန်စရာအလှည့်အပြောင်းတွေနဲ့ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

------------------------------ 

ချယ်လ်ဆီး ၄ - ၃ မန်ယူ 

ချယ်လ်ဆီးရဲ့ ဒီနိုင်ပွဲက အိပ်မက်ဆန်ပါတယ်။ ရင်ခုန်စရာလည်းကောင်းပါတယ်။ ဖျော်ဖြေမှုကလည်း အပြည့်ဖြစ်ပါတယ်။ ရှုံးသွားပါပြီလို့ ထင်နေတဲ့အချိန်မှာပဲ နိုင်သွားခဲ့တာပါ။ ဂိုးတွေလည်းမြိုင်ခဲ့လို့ ကြည့်ကောင်းခဲ့ပါတယ်။ 

ပွဲအစတည်းက ပုံမှန်မဟုတ်ခဲ့ပါဘူး။ မထင်ထားတာတွေနဲ့ စခဲ့ပြီး ချယ်လ်ဆီးက စောစောစီးစီးနဲ့ (၂)ဂိုးပြတ်ဦးဆောင်နေခဲ့တာပါ။ ဒီဂိုးတွေကိုတော့ ပွဲချိန်(၄)မိနစ်မှာ ဂယ်လန်ဟာ ၊ ပွဲချိန်(၁၉)မိနစ်မှာ ပယ်လ်မာ တို့က သွင်းယူပေးခဲ့ကြတာပါ။ အဲဒီနောက်ပိုင်းမိနစ်တွေမှာတော့ မန်ယူအသင်းကစားပုံတော်တော်လေးကောင်းလာပြီး ချေပဂိုး (၂)ဂိုးကို ချက်ခြင်းဆိုသလိုပဲ ပြန်ရခဲ့ပါတယ်။ ကိုင်စီဒို ရဲ့အမှားကနေ ဂါနာချို က ပွဲချိန် (၃၄)မိနစ်မှာ ပထမချေပဂိုး ၊ နားလည်မှုအပြည့်ရှိတဲ့ တွဲလုံးတွေကနေ ဖာနန်ဒက်စ် က ခေါင်းတိုက်ပြီး ပွဲချိန် (၃၇)မိနစ်မှာ ဒုတိယချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ 

ဒီပွဲက (၂)သင်းလုံး ဂိုးရဖို့ကိုသာ ဦးတည်ကစားတဲ့ပွဲမျိုးဖြစ်ခဲ့ပြီး တိုက်စစ်ပြီးရင်း တိုက်စစ်ဆိုသလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန်(၆၇)မိနစ်မှာ မန်ယူအသင်းတတိယဂိုးရခဲ့ပြီး အန်တိုနီ ရဲ့ အကွက်မြင်တဲ့ ဖန်တီးမှုကနေ ဂါနာချို က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းကတော့ အားနည်းချက်တွေများစွာရှိခဲ့ပြီး မန်ယူအသင်းတိုက်စစ်ဆင်တိုင်း မတားဆီးနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေကိုလည်း လွှ​တ်ပေးထားသလိုတောင်ဖြစ်နေခဲ့ပါတယ်။ မန်ယူအသင်း ရခဲ့တဲ့ (၃)ဂိုးလုံးကလည်း တန်ပြန်တိုက်စစ်စတင်ရင်း ရခဲ့တာတွေဖြစ်ပါတယ်။ 

(၂-၃)မှာတော့ မန်ယူအသင်း ပွဲကိုထိန်းဖို့ကြိုးစားခဲ့ပြီး အဆင်ပြေပြေလည်းထိန်းနိုင်ခဲ့ပါတယ်။ မန်ယူနိုင်ပြီလို့တွေးနေချိန်မှာပဲ မထင်ထားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်သွားပြီး မာဒူအီကီ ကို ဒါလော့ဆွဲတယ်ဆိုကာ ပယ်နယ်တီပေးလိုက်တာပါ။ ထုံးစံအတိုင်း ပယ်လ်မာ ပဲကန်ခဲ့ပြီး ပွဲချိန်(၉၀+၁၀)မှာ (၃-၃)ဖြစ်သွားခဲ့ပါတယ်။ သရေကိုပဲ ထိန်းသိမ်းရမယ့်အစား မလိုအပ်ပဲ မန်ယူအသင်း တိုက်စစ်ထပ်တင်လိုက်ချိန်မှာ ဘောလုံးက ချယ်လ်ဆီးတိုက်စစ်ပြန်ပြန်ပါသွားပြီး ဒီအနေအထားကနေပဲ ပယ်လ်မာ ကန်တဲ့ဘောလုံး တွမ်မီနေးနဲ့ထိကာ ဘောလုံးလမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့ပါတယ်။ ချယ်လ်ဆီး ရဲ့ တတိယဂိုး နဲ့ စတုတ္ထဂိုးက (၁)မိနစ်သာခြားခဲ့ပါတယ်။ 

မန်ယူအသင်းကတော့ (၂)ပွဲဆက် နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရတာပါ။ ချယ်လ်ဆီးဘက်မှာတော့ နိုင်ပွဲရဖို့ ကံကောင်းမှုတွေရှိသွားခဲ့တယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဆော်ဒီကလပ် အယ်လ်အာလီကို ပြောင်းရွှေ့ခဲ့တဲ့ မာရက်ဇ်

မာရက်ဇ် ကို အယ်လ်အာလီအသင်းဟာ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Read More
နိုင်သင့်ခဲ့ပေမယ့် မနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် က အပေါ်အသင်းလိုကစားပြီး ဘိုင်ယန်မြူးနစ်က အောက်အသင်းလိုကစားသွားခဲ့ရတာပါ။

Read More
ဘီလ်ဘာအို ကထွက်မယ့် မူနီအန်

ဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။

Read More
တိုက်စစ်အားဖြည့်ခဲ့တဲ့ ဂျူဗင်တပ်စ်

အနည်းဆုံးတော့ ထိပ်သီး (၄)သင်းအတွင်း ဂျူဗင်တပ်စ် ဝင်ဖို့တော့လိုပါတယ်။

Read More
ဗီလာ ကနေစမယ်

ပြောင်းရွှေ့ကြေး ယူရို (၂၃)သန်း ၊ အပိုဆုကြေးယူရို(၃)သန်းဆိုတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။

Read More