ချယ်လ်ဆီး - လီဗာပူးလ်
Super Sunday ည (၉:၃၀) နာရီ
ချယ်လ်ဆီး ကတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ ဗိုလ်လုပွဲတစ်ပွဲကိုရင်ဆိုင်ရတော့မှာပါ။ လက်ရှိခြေစွမ်းက တက်နေတယ်ပဲ ပြောရမှာဖြစ်ပြီး နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း ကံမကောင်းလို့သာ မန်စီးတီးကို မနိုင်ခဲ့တာပါ။ လက်ရှိအသင်းက ပုံစံမိနေပါပြီ။ ဒီနေ့ပွဲမှာတော့ ကွင်းလယ်နဲ့တိုက်စစ်မှာ စတာလင် ၊ အန်ကွန်ကူ ၊ ပယ်လ်မာ ၊ ဂယ်လန်ဟာ ၊ အန်ဇိုဖာနန်ဒက်ဇ် ၊ ကိုင်စီိဒို တို့ကိုသုံးလာရင်တော့ ရလဒ်ကောင်းနဲ့ နီးနိုင်ပါတယ်။
ဒဏ်ရာတွေများနေပေမယ့် လီဗာပူးလ်က ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေတုန်းပါ။ လက်ရှိဒဏ်ရာအခြေအနေက အသင်းငယ်လေးတွေနဲ့မှာ မသိသာပေမယ့် အခုလို ဗိုလ်လုပွဲမှာတော့ ထိခိုက်မှုကြီးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ် ရဲ့ ဒဏ်ရာအခြေအနေက အသင်းရဲ့အထိုင်ကို ထိခိုက်နိုင်လို့ပါ။ အသင်းက အင်ပြည့်အားပြည့်ဖြစ်မနေတာက ဒီပွဲအပေါ်သက်ရောက်မှုကြီးနိုင်ပါတယ်။
ဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။ ပွဲချိန်အတွင်း သရေကျနိုင်ပြီး အချိန်ပို ၊ ပယ်နယ်တှလောက်မှ အဖြေပေါ်မယ်ထင်ပါတယ်။ အနိုင်ရမယ့် အသင်းဆိုရင်တော့ ချယ်လ်ဆီး ကို ရွေးချင်ပါတယ်။
နေမာ ဆော်ဒီမှာ ပိုက်ဆံတွေ ဘယ်လောက်ရမလဲဆိုတာကို ခဏမေ့ထားလိုက်တာပိုကောင်းမယ်။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read Moreဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။
Read Moreဒီ ဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။
Read Moreထွက်ပေါ်လာတဲ့ ပွဲစဥ်တွေကတော့ မယ်ဒယ်ဘရော့ နဲ့ ချယ်လ်ဆီး ၊ လီဗာပူးလ်နဲ့ ဖူလ်ဟမ် တို့ဖြစ်ကြပါတယ်။
Read More