အဆင့် (၄)ဖြစ်သွားတဲ့ မန်စီးတီး နဲ့ အဆင့် (၆)ဖြစ်သွားတဲ့ ချယ်လ်ဆီး
---------------------------------------
မန်စီးတီး ၃ - ၁ ချယ်လ်ဆီး
မန်စီးတီး ကစားသမားသစ်တွေနဲ့ စရမယ်ဆို ခူဆနော့ဗ် က တည်ငြိမ်မှု ပျောက်ဆုံးခဲ့ပြီး ဖိအားတွေများနေခဲ့သလိုပါပဲ။ စစခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တာမျိုးဖြစ်ပြီး ဒီတစ်ခုတည်းနဲ့တော့ ဒီကစားသမားကို အကဲဖြတ်လို့မရသေးပါဘူး။ အမှားတစ်ကြိမ် နဲ့ အဝါကတ်ပါထိထားတဲ့ သူ့ကို ဂွါဒီယိုလာ ဂျွန်စတုန်းစ် နဲ့ လူစားလဲခဲ့တာက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။
မာမွတ်ရှ် ကတော့ ရေရှည်မှာ အားကိုးရမယ်လို့မြင်ပါတယ်။ ဒီပွဲမှာလည်း ကစားပုံမဆိုးပါဘူး။ တစ်ကိုယ်ကောင်းဆန်တာလေးကို ဖျောက်နိုင်ရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။
ချယ်လ်ဆီးရဲ့ ဒီပွဲကစားသွားတဲ့ ပုံကတော့ ပျင်းရိပျင်းတွဲပါ။ကစားသမားတွေ သူတို့ရဲ့အားကို အကုန်မသုံးသွားခဲ့သလို ကြိုးစားပမ်းစား ကစားတာမျိုးလည်း မတွေ့ရပါဘူး။ အခုဆို အဆင့် (၆)ဖြစ်သွားပါပြီ။ ဒီပုံအတိုင်းဆက်သွားရင် ထိပ်သီး (၄)သင်းနေရာဝင်ဖို့အတွက် ဖိအားတွေကများဖို့ပဲရှိလာပါလိမ့်မယ်။
ဒီပွဲမှာ မန်စီးတီးရသွားတဲ့ ဂိုးတွေက ပုံစံဆင်တူမျိုးတွေပါ။ တိုက်စစ်ကို တိုက်ရိုက်ပေးပို့ပြီး အဲဒီကနေတစ်ဆင့် ပြေးထွက်ကာ ဂိုးရယူတဲ့ ပုံစံမျိုးပါပဲ။ မန်စီးတီး ဒီလိုလုပ်နေတာမှန်း သိသိကြီးနဲ့ ချယ်လ်ဆီးနောက်တန်းက တားဆီးတာ တော်တော်ညံ့ပါတယ်။ ဟာလန်း ရဲ့ ဂိုးကတော့ ပွဲရဲ့အဖြေဖြစ်သွားခဲ့တာပါပဲ။ ချယ်လ်ဆီး ဂိုးသမားဆန်းချက်ဇ် ရဲ့ ဆန္ဒစောပြီး လိုတာထက်ပိုတဲ့ ရှေ့ထွက်မှုကလည်း မန်စီးတီး အတွက်လက်ဆောင်ဖြစ်သွားခဲ့ပါတယ်။