ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

Published 6 months ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် "  

⚽⚽⚽⚽ 

⚽ အာဆင်နယ်ကို ရှုံးအပြီး လီဗာပူးလ်နိုင်ပွဲတွေဆက်တိုက်ပြန်ရတယ်။ လီဗာပူးလ် ဆိုတဲ့အသင်းက တစ်ပွဲရှုံးတာနဲ့ ယိုင်သွားတတ်တဲ့ အသင်းမဟုတ်ကြောင်းသူတို့ပြသခဲ့တယ်။ အခုလည်း ဘရန့်ဖို့ဒ်ကို (၁-၄)။ ဒဏ်ရာတွေများနေပေမယ့်လီဗာပူးလ် က လီဗာပူးလ် ပါပဲဆိုတာကို ပြသနေတုန်းဖြစ်ပါတယ်။ 

⚽ ဝက်စ်ဟမ်း ကို (၆)ဂိုးအပြီးမှာဘန်လေ ကို (၅)ဂိုးပါ။ တိုက်စစ်မှုးအစစ်မပါတဲ့ မာတင်နယ်လီ ၊ ထရော့ဆဒ် ၊ ဆာကာ တို့ရဲ့ကွက်ပျောက်တိုက်စစ်က ပိုပြီးတောင် ကောင်းနေပါတယ်။ဘယ်သူကိုတည်ကစားမှန်း ပြိုင်ဘက်ကမှန်းဆရခက်သွားတော့ အာဆင်နယ်အတွက် ဂိုးတွေဆိုတာ ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့တာပါ။ အာဆင်နယ်ချန်ပီယံဆုကို အပြည့်အဝမျှော်လင့်နိုင်ပါတယ်။ 

⚽ ကံကောင်းသွားတာက ချယ်လ်ဆီးမဟုတ်ဘူး။ ကံကောင်းသွားတာကမန်စီးတီး ပါ။ ချယ်လ်ဆီး က နိုင်သင့်တဲ့ခြေစွမ်းကိုတောင်ပြခဲ့တယ်။ မန်စီးတီးကတော့ ရိုဒရီ ကိုပိုင်ဆိုင်ထားတာကိုပဲကျေးဇူးတင်ရမယ်။ မန်စီးတီးကို ဘယ်လိုကစားရမယ်။ မန်စီးတီးကွင်းလယ်ကိုဘယ်လိုဖျက်ဆီးရမလဲဆိုတာ ဒီရာသီမှာချယ်လ်ဆီး က အကြိမ်ကြိမ်လုပ်ပြပြီးပါပြီ။ မန်စီးတီး လည်း ကံကောင်းမှုတွေအကြိမ်ကြိမ်ရှိမလာနိုင်ဘူးဆိုတာကိုတော့တွေးထားရပါလိမ့်မယ်။ 

⚽ အသင်းကြီးတိုင်း အနိုင်ယူဖို့ ခက်ခဲခဲ့တဲ့ လူတန်ကွင်းမှာ မန်ယူလည်း လူတန်ကိုနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ လူတန်လည်းကောင်းခဲ့ပေမယ့် မန်ယူက အရင်လိုမဟုတ်တော့သလို တန်ဟက်လည်း ခေါင်းမမာတော့တာကြောင့် အခြေအနေတွေက ကောင်းဖို့ဖြစ်လာတာတွေပါပဲ။အကောင်းဆုံးကတော့ ဟွိုင်းလွန် ပေါ့။ပရီးမီးယားလိဂ် (၆)ပွဲဆက် အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာခဲ့တယ်။

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၃)

" တနင်္ဂနွေည ကို ဖုံးလွှမ်းသွားတဲ့ ဒါဝင်နူးနက်ဇ် အသံတွေ "

Read More
မန်စီးတီးက မန်စီးတီး ပါပဲ

မန်ယူအသင်းရဲ့တိုက်စစ်မှုး အပျောက်ပုံစံမှာ တွမ်မီနေး နဲ့ ဖာနန်ဒက်စ် က တိုက်စစ်မှုး လိုလို ၊ No.10 Role လိုလိုကစားပြီး ၊ ခံစစ်ကိုလည်း ကူပါတယ်။

Read More
ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဗီနီစီယက်စ်

စာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၉)

" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် "

Read More
ဖရန့်ဖတ် ပြောင်းမယ့် ဗန်ဒီဘိခ်

အငှားစာချုပ်ကတော့ လာမယ့်ဇွန်လအထိ ဖြစ်ပါတယ်။

Read More