အာဆင်နယ်အတွက် မအေးသောဆောင်း

Published 8 months ago by Bawlonelive

အာဆင်နယ်အတွက် မအေးသောဆောင်း

--------------------------- 

 

ဖူလ်ဟမ် ၂ - ၁ အာဆင်နယ် 

 

ဝက်စ်ဟမ်းကို ရှုံးခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ပွဲမှာတော့ အာဆင်နယ် ပြန်လာမယ်လို့ ထင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ချန်ပီယံဖြစ်ချင်စိတ်ပြင်းပြနေတဲ့ အသင်းဖြစ်နေတာနဲ့ ပြိုင်ဘက်က ဖူလ်ဟမ်ဖြစ်နေတာကြောင့်ပါ။ ဘန်လေ ၊ ဘုန်းမောက် တို့ကို ဂိုးပြတ်တွေ နောက်ဆုံး (၂)ပွဲဆက် ရှုံးထားတဲ့ ဖူလ်ဟမ်က အာဆင်နယ်ကို ဟန့်တားနိုင်မယ်လို့ ဘယ်လိုမှမတွေးမိခဲ့ပါဘူး။ 

 

ပွဲချိန် (၅)မိနစ်မှာပဲ ဆာကာ ဂိုးစသွင်းခဲ့ပေမယ့် ဖူလ်ဟမ်က လိုတာထက်ပိုကောင်းခဲ့ပြီး ပုံမှန်ထက်လည်းပိုရုန်းခဲ့ပါတယ်။ ဖူလ်ဟမ် တိုက်စစ်စလာပြီဆို အာဆင်နယ် တားဆီးရခက်ခဲခဲ့ပါတယ်။ ဒီလိုဖြစ်ရတာရဲ့ အဓိက အကြောင်းအရင်းကတော့ ဖူလ်ဟမ်တိုက်စစ်ကို ဖြတ်တောက်နေတာ ရိုက်စ် တစ်ယောက်ပဲရှိလို့ပါပဲ။ သူတစ်ယောက်တည်းအားနဲ့ တစ်သင်းလုံးကို ထမ်းပိုးနေရပြီး အိုဒီဂတ် နဲ့ ဟာဗက်ဇ် တို့က လုံးဝ ခံစစ်မကူနိုင်ခဲ့ပါဘူး။ ပယ်လင်ဟာ ကလည်း သူ့ရဲ့ အဆင့်အတန်းတစ်ခုကိုပြသနေတော့ အာဆင်နယ်ကွင်းလယ် တော်တော်လေးခက်ခဲ့ပါတယ်။ 

 

ဒီကွင်းလယ် အားနည်းချက်ကနေပဲ ဖူလ်ဟမ် တိုက်စစ်ဆင်ခွင့်ရပြီး ပွဲချိန်(၂၉)မိနစ်မှာ ဟီမီနက်ဇ် က ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ဒီပွဲမှာ မာတင်နယ်လီ ကြိုးစားပြီး သူ့ဘက်ကသာ ပြိုင်ဘက်ကိုဖိအားပေးနေပေမယ့် နည်းပြအာတီတာ သူ့ကိုလူစားလဲခဲ့သလို ကစားပုံကျနေတဲ့ အိုဒီဂတ် နဲ့ ဆာကာ တို့ကိုလူစားမလဲရဲခဲ့တာကလည်း ဒီရှုံးပွဲရဲ့ အဓိက အကြောင်းအရင်းပါပဲ။ 

 

ဖူလ်ဟမ်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန်(၅၉)မိနစ်မှာ ရိဒ် က ထောင့်ကန်ဘောကနေ ရှုပ်ယှက်ခက်နေတဲ့ အနေအထားမှာ ရခဲ့တဲ့ အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါ။ အာဆင်နယ်ကွင်းလယ်မှာ ရိုက်စ် ကို အကူအညီပေးမယ့်သူလိုနေပါပြီ။ 

 

ဆောင်းက အာဆင်နယ်အတွက် မအေးတော့ပါဘူး။ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာနိုင်ထားပြီး အဆင့်(၄)နေရာကိုရောက်သွားပါပြီ။

စပါး - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

မန်စီးတီးကို အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ထားတယ်ဆိုတဲ့အချက်က ဒီပွဲအတွက် စိတ်ဓာတ်ပိုင်းကိုမြင့်တက်စေပါလိမ့်မယ်။

Read More
အိမ်ကွင်းမှာ ဗီလာ ကို ရှုံးပြီး ချန်ပီယံအိပ်မက်ဝေဝါးသွားခဲ့ရတဲ့ အာဆင်နယ်

အူနိုင်းအမ်မရီ ကတော့ အမ်မရိတ်စ် မှာ ပွဲတစ်ပွဲကို အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာ တစ်ကွက်ပြသွားခဲ့တာဖြစ်ပါတယ်။

Read More
ချန်ပီယံလိဂ်မှာ မန်ယူကို မေ့ထားလို့ရပြီ

မမျှတတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် ကိုပင်ဟေဂင် နဲ့ မန်ယူကြားမှာ တစ်ယောက်လျော့သွားတာနဲ့ ခုလောက်ထိ ဖြစ်သွားတာကတော့ အဓိပ္ပါယ်မရှိပါဘူး။

Read More
ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ် နဲ့ မန်စီးတီး

ပွဲချိန်မိနစ် (၆၀)နောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်က စိုးမိုးသွားခဲ့ပြီး မန်စီးတီးကွင်းလယ်လုံးဝကို ပျက်သွားပါတော့တယ်။

Read More
ဒဏ်ရာကြောင့် နားရမယ့် အဲရစ်ဆင် နဲ့ ဟွိုင်းလွန်

လူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...

Read More