ပြန်လာဖို့ ကြာနိုင်သေးတဲ့ ဟာလန်း နဲ့ ဒီဘရိုင်းနား

Published 10 months ago by Bawlonelive

ပြန်လာဖို့ ကြာနိုင်သေးတဲ့ ဟာလန်း နဲ့ ဒီဘရိုင်းနား

--------------------------------- 

မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဟာလန်း နဲ့ ဒီဘရိုင်းနား တို့ ဒဏ်ရာတွေကနေ ကောင်းနေကြပြီဖြစ်လို့အသင်းရဲ့ ပွဲတွေမှာပါလာတော့မယ်လို့ အကုန်လုံးလိုလို ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရတော့ ပါလာဖို့နည်းနည်းကြာဦးမယ့် ပုံပါပဲ။ 

နည်းပြဂွါဒီယိုလာ က သူ့အသင်းရဲ့အဓိက ကစားသမားတွေကို အရဲစွန့်ပြီး မသုံးချင်တဲ့ အနေအထားလည်း ရှိကောင်းရှိနိုင်ပါတယ်။ 

" ဟာလန်း က ကောင်းနေပေမယ့် ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းတစ်ကြိမ်မှမလုပ်ရသေးပါဘူး။ လာမယ့် ဇန်နဝါရီမှာတော့ ကျွန်တော်တို့နဲ့ အတူပြန်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဘရိုင်းနားကတော့ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းတစ်ကြိမ်လုပ်ခဲ့ပါတယ်။လေ့ကျင့်ခန်းကို ပြင်းပြင်းထန့်ထန်လုပ်ခဲ့လို့ သူမှာမောပန်းမှုတော့ရှိနေပါတယ် " 

နည်းပြဂွါဒီယိုလာ ရဲ့ပြောစကားအရတော့ ဒီကစားသမားတွေက စောင့်ကြည့်နေရတုန်းပါပဲ။ဇန်နဝါရီမှာတော့ သူတို့တွေပြန်လာဖို့များပြီး အဲ့အချိန်ရောက်ရင်တော့ မန်စီးတီးအသင်း အင်ပြည့်အားပြည့် ​​ပြန်ဖြစ်နေနိုင်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့ အာဆင်နယ်

လူမစုံလည်း ဘယ်လိုကစားရမယ်။ ရှိတဲ့သူနဲ့ ဂိုးရအောင် ဘယ်လိုလုပ်ရမယ်။ ရမှတ်ရအောင် ဘယ်လိုကစားရမယ် စတဲ့ အပိုင်းတွေမှာ အများကြီးမှ အများကြီးတိုးတက်လာခဲ့တာပါ။...

Read More
မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။

Read More
လီဗာပူးလ်ကို အကောင်းဆုံးကစားပြီး အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၃ - ၁ လီဗာပူးလ် အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ ။

Read More
တစ်လတာအကောင်းဆုံး နည်းပြဆုကို ထပ်ရခဲ့တဲ့ ပိုစတီကိုဂလူး

ဒါကတော့ စပါးနည်းပြပိုစတီကိုဂလူး ဟာ နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တယ်ဆိုတာပါပဲ။

Read More
လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး

လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး -----------------------------အသင်းရဲ့ အဓိက တိုက်စစ်မှုး ဟာလန်း မပါခဲ့လို့ ဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပြီ...

Read More