ရလဒ်တွေဆက်တိုက်ဆိုးနေတဲ့ ဘိုင်ယန်မြူးနစ်
--------------------------------------
လာဇီယို ၁ - ၀ ဘိုင်ယန်မြူးနစ်
ဘွန်ဒစ်လီဂါမှာ လေဗာကူဆင်ကို ရှုံးခဲ့ပြီး ချန်ပီယံဆုကိုမေ့ရသလောက် ဖြစ်ခဲ့လို့ လာဇီယိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းတစ်ခုလိုခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လက်ရှိအသင်းက ယုံကြည်မှုပျောက်ဆုံးတဲ့ ပုံစံဖြစ်နေပြီး ဘိုင်ယန်မြူးနစ် ဆိုတဲ့အရာတွေလည်း ရှာမတွေ့တော့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်အိမ်ကွင်း ရှုံးပွဲလုံးဝမရှိသေးတဲ့ လာဇီယို ကို လာဇီယိုကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဘာမှမဆန်းပါဘူး။
လာဇီယို က သူ့အလုပ်သူလုပ်သွားခဲ့တာမျိုးသာဖြစ်ပြီး ဘိုင်ယန်မြူးနစ် ကိုယ်တိုင်ကိုက အဆင်ပြေမနေခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မူလာ ၊ ကင်မစ်ချ် တို့ပြန်ပါလာလို့ အသင်းလိုက် ကစားပုံ နဲ့ ပွဲကိုစိုးမိုးထားနိုင်ပေမယ့် အခွင့်အရေးဖန်တီးမှုအပိုင်း ၊ ရလာတဲ့အခွင့်အရေးတွေကို အသုံးချမှုအပိုင်းတွေမှာတော့ တော်တော်လေး အားနည်းခဲ့ပါတယ်။ လာဇီယိုဘက်မှာတော့ ဂွမ်ဒိုဇီ ထင်ပေါ်ခဲ့ပြီး ပုံစံကောင်းတစ်ခုကိုပြနိုင်ခဲ့ပါတယ်။
ဒီပွဲအတွက် လာဇီယိုရဲ့ အနိုင်ဂိုးက ပယ်နယ်တီဖြစ်ပြီး မထင်မှတ်ထားပဲရသွားတာမျိုးဖြစ်ပါတယ်။ လာဇီယိုတောင်ပံတိုက်စစ်ကစားသမား Isaksen ကို အူပါမီကာနို ရဲ့တားဆီးချက် ကြမ်းတမ်းသွားတာကြောင့် ကွင်းလယ်ဒိုင် က တိုက်ရိုက်အနီကတ်နဲ့ ပယ်နယ်တီပေးခဲ့ပြီး ဒီပယ်နယ်တီကို အီမိုဘီလီ က ပွဲချိန်(၆၉)မိနစ်မှာ အမှားအယွင်းမရှိကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
လက်ရှိဘိုင်ယန်မြူးနစ်ရဲ့ အခြေအနေကတော့ ဖိအားတွေအပြည့်ဖြစ်နေပါပြီ။ တူဟယ်လ် လက်ထဲမှာအသင်းက တဖြည်းဖြည်းနဲ့ပိုဆိုးလာနေခဲ့တာပါ။ လာမယ့် ဒုတိယအကျော့ပွဲစဥ်မှာ နောက်တစ်ဆင့်တက်နိုင်မယ့်ရလဒ်ကို သူတို့ ယူကိုယူနိုင်ဖို့လိုနေသွားခဲ့ပါပြီ။
ခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။
Read Moreပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
Read Moreမန်ယူကိုမသွားချင်လို့ ဘာစီလိုနာမှာ ကပ်သပ်ပြီးနေခဲ့သလို အခုဆိုရင်တော့ သူ့ဖြစ်ချင်တာဖြစ်ရပါပြီ။
Read Moreလူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...
Read Moreအငှားကြေးက ယူရို (၄)သန်းသာဖြစ်လို့ တကယ့်ကိုသက်သက်သာသာနဲ့ ဒေါ့မွန် ကဆန်ချို ကိုပြန်ရခဲ့တာပါ။
Read More