ချယ်လ်ဆီးကို အနိုင်ယူပြီး ဖိအားတွေလျှော့ချခဲ့တဲ့ မန်ယူ
--------------------------
မန်ယူ ၂ - ၁ ချယ်လ်ဆီး
ဖိအားတွေများနေတဲ့ အချိန်မှာ မန်ယူအသင်းကတော့ ချယ်လ်ဆီးကို အနိုင်ယူပြီး ဖိအားတွေလျှော့ချနိုင်ခဲ့ပါတယ်။ အခက်အခဲတွေ ကြုံလာတိုင်း ၊ တစ်ခုခုလုပ်ပြဖို့လိုလာတိုင်း ရလဒ်ကောင်းကို အမြဲတမ်းရှာဖွေနိုင်တာကတော့ မန်ယူအသင်းရဲ့ ထုံးစံလို့တောင် ပြောရပါလိမ့်မယ်။ ဒီနိုင်ပွဲအတွက် အရေးပါတဲ့ အချက်ကတော့ တန်ဟက် ရဲ့ အမ်မရာဘတ် ကို ကွင်းလယ်မှာ ပွဲထုတ်လာတဲ့ အခြေအနေလို့မြင်ပြီး သူ့ကြောင့်ကွင်းလယ်က ပိုတည်ငြိမ်မှုရှိခဲ့ပါတယ်။
နိုင်ပွဲလိုအပ်နေတဲ့ မန်ယူအသင်းကတော့ ပွဲစတာနဲ့ ချယ်လ်ဆီးကို ဆက်တိုက် ဆိုသလို တိုက်စစ်ဆင်ကစားခဲ့တာပါ။ ဂိုးကန်သွင်းခွင့်တွေ ၊ အခွင့်အရေးတွေရခဲ့ပြီး ပွဲချိန်(၉)မိနစ်မှာတင် ပယ်နယ်တီရခဲ့ပေမယ့် ဖာနန်ဒက်စ် ကန်ချက်ဂိုးမဝင်ခဲ့သလို ဂိုးသမားဆန်းချက်ဇ် ကို မကျော်နိုင်ခဲ့ကြပါဘူး။ ညာတောင်ပံမှာ အန်တိုနီ ပုံမှန်ခြေစွမ်းပြန်ရလာတာကလည်း မန်ယူတိုက်စစ်ကို ပိုကောင်းစေခဲ့ပြီး ပွဲချိန်(၁၉)မိနစ်မှာတော့ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဒီဂိုးကိုတော့ တွမ်မီနေး က တိုက်စစ်ဆင်ရင်းရလာတဲ့ အခွင့်အရေးကို ကြုံသလိုကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းလည်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းရဲ့ ပုံမှန်ထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ခက်ခဲနေခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် (၄၅)မိနစ်မှာ ချယ်လ်ဆီး ချေပဂိုးပြန်ရပြီး ပယ်လ်မာ က တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တာဖြစ်သလို လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယား တို့ကာထားတဲ့ကြားကနေ ရအောင် ပညာသားပါပါနဲ့ကန်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ တန်ဟက် က လုခ်ရှော ကို ဗဟိုခံစစ်နေရာထားကစားခဲ့ပြီး ဘယ်နောက်ခံလူနေရာမှာ ရီဂွယ်လွန် ကိုထည့်သုံးခဲ့ပါတယ်။ ဒီအနေအထားက အလုပ်ဖြစ်ခဲ့သလို ဂါနာချို ကစားရပိုချောင်လာခဲ့ပြီး သူ့ကြောင့် ချယ်လ်ဆီးခံစစ် အလုပ်များခဲ့ရပါတယ်။ ပွဲချိန်(၆၉)မိနစ်မှာတော့ မန်ယူအသင်း အနိုင်ဂိုးရခဲ့ပြီး ဂါနာချို ရဲ့ဖြတ်တင်ပေးပို့မှုကို တွမ်မီနေး က ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။မန်ယူအသင်းကတော့ ဒီပွဲမှာ ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲရဲ့ခြေစွမ်းက မနှစ်ကပုံစံကောင်းမိနေတဲ့ အချိန်က ခြေစွမ်းမျိုးလို့တောင် ပြောလို့ရပါတယ်။ ဒီအနေအထားကိုဆက်ထိန်းထားဖို့လိုပြီး စည်းလုံးမှုပြိုကွဲနေတယ်ဆိုတဲ့ သတင်းတွေဟာ မှားကြောင်းကို ကွင်းအတွင်းမှာပဲနိုင်ပွဲနဲ့ ပြသခဲ့ပါတယ်။
ကလော့ ရဲ့ နောက်ဆုံးရာသီက လိဂ်ဖလားနဲ့ပြီးသွားတာကပဲ ကျေနပ်စရာပါ။
Read Moreလူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။
Read Moreသူတို့ (၂)ယောက်တည်းက (၁)ယောက်ပဲ ရပါလိမ့်မယ်။
Read Moreဘာပေ အပေါ် ရီးယဲလ်ကစိတ်ရှည်မှု နည်းနည်းလျော့လာတဲ့ပုံပါပဲ။
Read Moreမန်စီးတီးအသင်းအတွက်လည်း သတင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
Read More