အာတီတာ မှာ အပြည့်အဝတာဝန်ရှိတဲ့ ရှုံးပွဲ

Published 1 year ago by Bawlonelive

အာတီတာ မှာ အပြည့်အဝတာဝန်ရှိတဲ့ ရှုံးပွဲ

------------------------------ 

အာဆင်နယ် ၀ - ၂ လီဗာပူးလ် 

ပထမဆုံး စပြောချင်တာက ဒီပွဲမှာ လီဗာပူးလ်က မဖြစ်မနေ ရလဒ်ကောင်းရမယ်ဆိုပြီး ကြိုးစားသွားခဲ့သလားဆိုတာပါပဲ။ အသင်းရဲ့ အဓိကဒေါက်တိုင်ကစားသမားတချို့ကို ချန်ခဲ့တယ်။ လူငယ်အရန်တွေပါလာတယ်။ ရှုံးသွားရင် ဘာမှမဖြစ်ဘူးဆိုတဲ့ ပုံနဲ့ကစားခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲတွေစုံနေတာ ၊ ဆာလာ အန်ဒို တို့ကို နိုင်ငံအသင်းတွေဆီပေးရတော့မှာ ဖြစ်လို့ပါပဲ။ 

အာဆင်နယ်က ပွဲကိုစီးကစားခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဂိုးမရပါဘူး။ ဘာလို့လဲဆိုတော့ တိုက်စစ်က နယ်လ်ဆင် ၊ ဟာဗက်ဇ် နဲ့ ဆာကာ တို့ရဲ့စွမ်းဆောင်ရည်က ဆိုးဝါးလွန်းလို့ပါပဲ။ ဒီကစားသမား (၃)ယောက်လုံး အခွင့်အရေးကိုယ်စီရခဲ့ကြပါတယ်။ ဒါပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ တစ်ချိန်ချိန်တော့ ဂိုးရမလား ဆိုပြီးကြည့်နေခဲ့ပေမယ့် ပွဲချိန်ပိုကြာလာတဲ့ အချိန်မှာ ကြာလေ ချာလေ ဆိုပြီးဖြစ်လာခဲ့ပါတယ်။ တစ်ကိုယ်ရည်အမြင်အရ ဒီပွဲမှာ အာဆင်နယ်ဂိုးရဖို့ဆို ဟာဗက်ဇ် ၊ ဆာကာ (၂)ယောက်ထဲက (၁)ယောက်ကိုထုတ်ပြီး တိုက်စစ်မှုးစစ်စစ် အန်ကီတီယာ ကို အခုထက်ပိုစောစောထည့်သင့်ပါတယ်။ 

အာဆင်နယ်ရဲ့ ပုံစံက ဂိုးရဖို့ တိုက်စစ်မှုးလိုနေခဲ့တာဖြစ်ပြီး ဟာဗက်ဇ် က ပျော့လွန်းတာကြောင့် ဘယ်လိုမှအဆင်မပြေပါဘူး။ ဒါပေမယ့်လည်း အာတီတာ က မပြင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ပွဲချိန်မိနစ် (၈၀)မှာ လီဗာပူးလ် ဂိုးစရပြီး အာနိုးလ် ရဲ့ ဖြတ်တင်ဘောကို ကီဝီယာ က ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာပါ။ (၁)ဂိုးရှုံးပြီး ပွဲပြီးခါနီးမှ အာတီတာ အန်ကီတီယာ ၊ စမစ်ရိုး ၊ ထရော့ဆဒ် တို့ကိုထည့်ခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ လီဗာပူးလ်အတွက် ဒုတိယဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ပွဲချိန် (၉၅)မိနစ်မှာ ဒီယက်ဇ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဖိအားတွေများနေပြီဖြစ်ပြီး ပြိုင်ပွဲစုံ (၃)ပွဲဆက် ရှုံးခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် (၄)ကိုရောက်နေကာ အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်

ဒုတိယပိုင်းမှာတော့ ပွဲက ပထမပိုင်းကလောက် မကောင်းတော့ပဲ လီဗာပူးလ်ကတော့ အာဆင်နယ်ထက်ပိုကောင်းအောင် ကစားလာနိုင်ခဲ့ပါတယ်။

Read More
ဘိုင်ယန်မြူးနစ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။

Read More
မန်ယူ - ကိုပင်ဟေဂင် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်

Read More
မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘာနာဒိုဆေးဗားလ်

မန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။

Read More
ဗန်ဒိုက် နဲ့ လူငယ်တစ်သိုက်ယူပေးခဲ့တဲ့ လိဂ်ဖလား

အားနည်းလွန်းတဲ့ အသင်းတစ်သင်းနဲ့ဗိုလ်လုပွဲလို ပွဲမျိုးကို အနိုင်ယူခဲ့တာပါ။

Read More