ချယ်လ်ဆီးမှာ ပျော်တယ်ဆိုတဲ့ အန်ဇိုဖာနန်ဒက်ဇ်
--------------------------
အန်ဇိုဖာနန်ဒက်ဇ် ချယ်လ်ဆီးကနေ ထွက်မယ်ဆိုတဲ့ အသံတွေထွက်အပြီး ခြေစွမ်းတွေပိုပြလာသလို ဂိုးတွေလည်းဆက်တိုက်ဆိုသလို သွင်းလာခဲ့ပါတယ်။ အသင်းပြောင်းချင်တယ်ဆိုတဲ့ သတင်းအမှားထွက်အပြီးမှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပိုမြင်နေရတာပါ။
ဒီသတင်းအမှားကတော့ အန်ဇိုဖာနန်ဒက်ဇ် ကိုပိုကောင်းလာစေခဲ့လို့ ဒီလိုဖြစ်လာတာကတောင်ခပ်ကောင်းကောင်းလို့ပြောရပါလိမ့်မယ်။
" ကျွန်တော် ချယ်လ်ဆီးမှာပျော်ပါတယ်။ ကျွန်တော် ဒီမှာရှိနေပါလိမ့်မယ်။ ပြီးတော့ လာမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲကို ကျွန်တော်တို့ကစားချင်ကြပြီး အဲဒီအတွက်လည်းကြိုးစားနေကြပါတယ်။ ကောလာဟာလတွေ ဘယ်ကနေလာလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ရိုးရိုးသားသားပြောရရင် လူမှုကွန်ရက်မှာတစ်ယောက်ယောက်ဖွလိုက်ပုံပါပဲ။ ဒီဇာတ်လမ်းကို ကျွန်တော် လုံးဝငြင်းဆိုပါတယ်။ ဒါအမှားကြီးပါ "
အန်ဇိုဖာနန်ဒက်ဇ် အေးဂျင့်ရဲ့ငြင်းဆိုမှုအပြီး အန်ဇိုဖာနန်ဒက်ဇ် ရဲ့စကားကိုပါကြားခဲ့ကြရတာ ဖြစ်ပါတယ်။
" ပရီးမီးယားလိဂ်မှာ လိုချင်တဲ့ ရလဒ်တွေရှိလား "
Read Moreစပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။
Read Moreလူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။
Read Moreနဂိုတည်းက အရည်အချင်းရှိတဲ့သူမို့လို့ ဂီတာဖေး မှာအစွမ်းပြနေတာ ဘာမှတော့မဆန်းပါဘူး။
Read Moreထောက်ပြစရာရှိတာကတော့ ရိုမဲရိုး လက်နဲ့မထိခင် စပါးကစားသမား ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က လျစ်လျူရှုခဲ့တာပါပဲ။
Read More