ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၄) " ပရီးမီးယားလိဂ်မှာ လိုချင်တဲ့ ရလဒ်တွေရှိလား "
⚽⚽⚽⚽
⚽ အာဆင်နယ်က ဝုလ်ဗ်ကို (၁၀)မိနစ်အကျော်မှာတင် (၂)ဂိုးသွင်းထားတယ်။အခြေအနေကအေးအေးဆေးဆေးပဲ။ဂိုးထပ်သွင်းမယ့်အချိန်ကိုမျှော်ကြတယ်။ဒါပေမယ့် ဝုလ်ဗ်ကသာ ချေပဂိုးပြန်သွင်းသွားတယ်။ ဘောလုံးပွဲ ဝေဖန်သုံးသပ်ပြီးစောင့်ကြည့်သူတွေရဲ့ ဒီပွဲရလဒ်ခန့်မှန်းချက်က (၂ - ၁) ဖြစ်ခဲ့တယ်။ သူတို့က ဒီလိုဖြစ်လာမှာကို ကြိုမျှော်လင့်နေတဲ့ သဘော။ပရီးမီးယားလိဂ်မှာ လုပ်ပွဲရှိတယ်ဆိုတာကများလွန်းပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ လိုချင်တဲ့ ရလဒ်တွေကိုပုံဖော်တာမျိုးတော့ရှိပါတယ်။
⚽ ပွဲကစားတာက(၁၁)ယောက်ဆိုပေမယ့် ကွင်းထဲမှာ မန်ယူအတွက် တကယ်ကစားနေတာ (၇)ယောက်လောက်ပါ။ ဒီတော့ရုန်းကန်နေရတာ ၊ ပွဲရှုံးတာ ဘာမှမဆန်းသလို စိတ်ဓာတ်ပိုင်းကလည်း နယူးကာဆယ်ကိုမယှဥ်နိုင်ခဲ့ပါဘူး။ နယူးကာဆယ်သာ ဂိုးသွင်းပိုတိကျခဲ့ရင် အခုထက်ဂိုးပိုပြတ်မယ့်ပွဲပါပဲ။ဖိအားလျော့စပြုလာတဲ့ တန်ဟက် ကို ဖိအားတွေအောက်ပြန်ရောက်စေခဲ့ပါတယ်။
⚽ ချယ်လ်ဆီးက ဘရိုက်တန်ကို (၃-၂)နဲ့နိုင် ၊ လီဗာပူးလ် က ဖူလ်ဟမ်ကို (၄-၃)နဲ့ နိုင်ခဲ့ကြတယ်။ ဒီလိုနိုင်ပွဲတွေရဖို့ အတွက်ဒီ (၂)သင်းပွဲချိန်အတွင်းမှာ တော်တော်ကြိုးစားခဲ့ကြရတယ်။ ဒါပေမယ့် အချိန်တန်တော့နိုင်ခဲ့ကြတယ်။ ဒီ (၂)သင်းအချိန်တန်ရင်နိုင်မယ်ဆိုတာလည်း သိနေကြပြီးသားဖြစ်တယ်။ဒါက ယုံကြည်မှုတစ်ခုပါပဲ။ ရဖို့ခက်ခဲတဲ့ ယုံကြည်မှုတစ်ခုပေါ့။ လီဗာပူးလ် က ဒီယုံကြည်မှုကို ရပြီးသားဆိုပေမယ့် ချယ်လ်ဆီးကိုပါယုံကြည်လာကြလို့ ချယ်လ်ဆီးအတွက် အားတက်စရာဖြစ်ခဲ့တယ်။
⚽ ချယ်လ်ဆီး ၊ လီဗာပူးလ် ၊ စပါးတို့နဲ့(၃)ပွဲဆက်သရေ ရလဒ်ဟာ မန်စီးတီးအတွက် နစ်နာခဲ့ရတယ်။ ဘာလို့လဲဆိုတော့နိုင်သင့်တဲ့ပွဲတွေ ဖြစ်သလို ပေးလိုက်ရတဲ့ချေပဂိုးတွေကလည်း နောက်ကျဂိုးတွေချည်းဖြစ်လို့ပါပဲ။ ခံရအခက်ဆုံးက စပါးနဲ့ပွဲပေါ့။စပါးကောင်းခဲ့တယ်ဆိုပေမယ့် ပွဲချိန်(၉၄)မိနစ်အခြေအနေကြီးက ဆိုးဝါးလွန်းပါတယ်။ဟာလန်း တို့တစ်သိုက် ဒေါသကြီးမယ်ဆိုလည်း ကြီးလောက်စရာပါပဲ။ ဒိုင်တွေရဲ့ပါဝင်ပတ်သက် ကူညီမှုတွေကလည်း အမှန်တကယ်ရှိနေပြီး လိုချင်တဲ့ရလဒ်ကို ပုံဖော်ကြတယ်လို့ ဒီတစ်ပတ်ထဲမှာ ထပ်ပြီး ယုံကြည်မိတဲ့ ပွဲပါပဲ။
မနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read Moreဂျာမနီ ၅ - ၁ စကော့တလန်
Read Moreအဲဒီပွဲမှာ အန်းဒရစ် က ဘရာဇီးလ်အတွက် လူစားဝင်လာပြီး မိနစ်(၈၀)မှာ အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။
Read Moreဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။
Read Moreပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
Read More