ပိုချက်တီနို ကို စမ်းသပ်မယ့်ပွဲ (သို့) ချယ်လ်ဆီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

ချယ်လ်ဆီး - လီဗာပူးလ်

Super Sunday ည (၁၀:၀၀)နာရီ 

ဒီပွဲစဥ်ကတော့ ပရီးမီးယားလိဂ်ပွဲစဥ်(၁)ရဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးပွဲစဥ်ဖြစ်ပါတယ်။လက်ရှိအနေအထားအရတော့ (၂)သင်းလုံးအတိုင်းအတာတစ်ခုထိကောင်းနေကြတယ်။ 

ပြောရရင်တော့ ဒီပွဲက နည်းပြပိုချက်တီနို ကို စမ်းသပ်မယ့်ပွဲပါ။ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေယူနေပြီး လူသစ်တွေနဲ့ အသွင်သစ် ချယ်လ်ဆီးကို သူဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ တစ်ခုရှိတာက ခြေစမ်းပွဲနဲ့ တကယ့်ပြိုင်ပွဲဆိုတာ ပုံစံကွာခြားချက်ကြီးပါတယ်။ ဒီတော့ အရာအားလုံးအသစ်လို ဖြစ်နေတဲ့ ချယ်လ်ဆီးက လီဗာပူးလ်ကို ယှဥ်ဖို့ကတော့အနည်းငယ်ခက်နိုင်ပါလိမ့်မယ်။ 

စဥ်းစားရမှာက အန်ဇိုဖာနန်ဒက်စ် တစ်ဦးတည်းနဲ့ လီဗာပူးလ် ကွင်းလယ်ကို ယှဥ်နိုင်မလားဆိုတာပါပဲ။ မူဒရစ် အသင်းနဲ့ အသားကျလာပြီး တိုးတက်လာတာကတော့ ပိုချက်တီနို အတွက် အားအင်တစ်ရပ်ပါ။ 

လီဗာပူးလ်ကိုတော့ အားရမှုရှိပါတယ်။ နည်းပြ ယာဂန်ကလော့ က အသင်းရဲ့ ဘယ်နေရာကို ဘယ်လိုအားဖြည့်ရမယ်ဆိုတာ ကောင်းကောင်းသိနေလို့ပါ။ဒီတော့ ဆိုဘိုဆလိုင် နဲ့ မက်အယ်လစ္စတာ တို့က ဒီပွဲမှာ စောင့်ကြည့်ရမယ့်သူတွေလို့ မြင်ပါတယ်။ ဗန်ဒိုက် ဦးဆောင်လာမယ့် နောက်တန်း ၊ အင်ပြည့်အားပြည့်ရှိနေတဲ့ တိုက်စစ်အစုအဖွဲ့တို့က လီဗာပူးလ် ရဲ့ အထိုင်ဖြစ်ပြီး ချယ်လ်ဆီးတိုးတက်လာတယ်ဆိုပေမယ့် လီဗာပူးလ် ပိုကောင်းတဲ့ အသင်းလို့ ပြောချင်ပါတယ်။ 

ဒီ(၂)သင်းရဲ့ အခုနောက်ပိုင်းတွေ့ဆုံမှုတွေက ပွဲချိန်အတွင်း သရေကျတာတွေကများပါတယ်။ လီဗာပူးလ်က ဒီပွဲမှာ အနိုင်ရဖို့ကြိုးစားလာမှာဖြစ်ပေမယ့် စပါးမှာတည်းက လီဗာပူးလ်ဆို အခြေအတင်ကစားလာခဲ့ပြီး လီဗာပူးလ်ကို ဘယ်လိုရင်ဆိုင်ရမလဲ ကောင်းကောင်းသိနေတဲ့ ပိုချက်တီနို ရဲ့ နည်းဗျူဟာပိုင်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းဖြစ်နေတယ်ဆိုတဲ့ အချက်တွေက ချယ်လ်ဆီးဘက်မှာရှိနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီပွဲဟာ သရေကျဖို့က ရာခိုင်နှုန်းများပါတယ်။ ဂိုးရလဒ်အနေနဲ့ဆိုရင်တော့ ချယ်လ်ဆီး ၁ - ၁ လီဗာပူးလ် ဆိုတဲ့ရလဒ်မျိုးကို သဘောကျမိပါတယ်။

လေဗာကူဆင်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ အလွန်ဆို

သူကို လိုချင်တဲ့အသင်းကတော့ သူရဲ့ကစားသမားဘဝအသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် နဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။

Read More
အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ်တွေ ထွက်ပေါ်

ကွာတားဖိုင်နယ်အဆင့်မှာ အသင်းကောင်းတွေ တော်တော်များများတက်လာလို့ အရင်နှစ်တွေကထက် စိတ်ဝင်စားဖို့ပိုကောင်းပါတယ်။

Read More
ချယ်လ်ဆီးအသင်းနဲ့ ဒီဆာဆီ သဘောတူညီမှုရပြီ

လက်ရှိမှာတော့ ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

Read More
ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကာဗာနီ

ဘိုကာဂျူနီယာအသင်းမှာတော့ ကာဗာနီ ဟာ ဂန္ထဝင်ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီနံပါတ်ကို ဝတ်ဆင်ခွင့်ရတာက သူ့အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

Read More
လီဗာပူးလ် - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

လက်ရှိမှာ အာဆင်နယ်က ရမှတ် (၃၉)မှတ် ၊ လီဗာပူးလ် က ရမှတ် (၃၈)မှတ်ပါ။

Read More