ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်

Published 1 year ago by Bawlonelive

ရမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်

------------------------- 

လီဗာပူးလ် ၁ - ၁ အာဆင်နယ် 

အနိုင်အရှုံး အဖြေပေါ်မယ့် ပွဲစဥ်တစ်ပွဲ ဖြစ်လာဖို့မျှော်လင့်ခဲ့ပေမယ့် ရမှတ်ခွဲယူခဲ့ကြတဲ့ သရေပွဲသာဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ပွဲအစအထနှေးမှုကို အာဆင်နယ်က အခွင့်အရေးယူပြီး စောစောစီးစီး ဂိုးစရခဲ့တာပါ။ ပွဲချိန်(၄)မိနစ်မှာတင် နောက်ခံလူ ဂါဘရီယယ်လ် က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးစပေးလိုက်ရတာကြောင့် လီဗာပူးလ်က ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ 

အဲဒီအချိန်မှာတော့ ပွဲက ကြံခိုင်မှုနဲ့ လျင်မြန်မှုကို ပိုဦးစားပေးသလိုဖြစ်သွားပါတယ်။ ဒီပွဲမှာ ပြောစရာရှိတာ တစ်ခုကတော့ လီဗာပူးလ်ကွင်းလယ်ဖြစ်ပြီး အရင်ပွဲတွေက အပေါက်ကြီးဖြစ်ဖြစ်နေတဲ့ အခြေအနေကို အခုပွဲမှာအပြည့်အဝပြင်ဆင်လာနိုင်ခဲ့တာကြောင့် ပိုကောင်းတဲ့ ကွင်းလယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် (၂၉)မိနစ်မှာ ဆာလာ က ဇင်ချန်ကို ကို ကျော်ဖြတ်ပြီး လီဗာပူးလ်အတွက် ချေပဂိုးကိုပြန်သွင်းယူပေးသွားခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ပွဲက ပထမပိုင်းကလောက် မကောင်းတော့ပဲ လီဗာပူးလ်ကတော့ အာဆင်နယ်ထက်ပိုကောင်းအောင် ကစားလာနိုင်ခဲ့ပါတယ်။ အခွင့်အရေးကိုယ်စီရရှိခဲ့ကြပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်းရဲ့ ရင်ခုန်စရာအကောင်းဆုံးအချိန်ကတော့ အာဆင်နယ် ရဲ့ ထောင်ကန်ဘောကနေ ဘောလုံးကျွံသွားတဲ့ အနေအထားမှာ ဆာလာ တိုက်စစ်ကို တောက်လျှောက်ဆွဲယူသွားပြီး အာနိုးလ်ဆီ ခင်းပေးခဲ့ပေမယ့် သူ့ရဲ့ကန်ချက် ဘားတန်းထိထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲရဲ့အနေအထားကို အရာအားလုံး အနှစ်ချုပ်ရင်တော့ ဒီသရေရလဒ်က (၂)သင်းလုံးအတွက် မျှတခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

တစ်လတာ အကောင်းဆုံးဆုထပ်ရတဲ့ စီရော်နယ်လ်ဒို

သူ့ကြည့်ရတာ ဘောလုံးကစားရတာလည်း တော်တော်လေးကိုပျော်ရွှင်နေတဲ့ပုံပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၈)

" အမြတ်ထွက်တာ အာဆင်နယ် "

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၇)

" ဟော့ဂဏန်းမထွက်ပါ "

Read More
ထိုက်တန်စွာ နိုင်ခဲ့တဲ့ အာဆင်နယ်

မန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Read More
အပြိုင်ရှုံးကြတဲ့ အာဂျင်တီးနား နဲ့ ဘရာဇီးလ်

အာဂျင်တီးနား က အိမ်ကွင်းမှာ ဥရုဂွေးကို (၀-၂)နဲ့ ရှုံးတာဖြစ်ပြီး ဘရာဇီးလ် က ကိုလံဘီယာ ကို (၂-၁)နဲ့ ရှုံးခဲ့တာပါ။

Read More