ဆာလာ ပြန်လာပါပြီ
---------------------------------------
ဒီသတင်းက လီဗာပူးလ်အသင်း အားပေးသူတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဒါကတော့ ဆာလာ ပြန်လာတာပါပဲ။ အခုဆို အသင်းနဲ့အတူလေ့ကျင့်ခန်းတွေလုပ်နေပါပြီ။
ဒဏ်ရာတွေများလွန်းအားကြီးနေလို့ ရှိတာနဲ့လှအောင်လုပ်နေရတဲ့ လီဗာပူးလ်အတွက်လည်း အားကိုးရတဲ့အဓိက ကစားသမားပြန်လာတာ အားတက်စရာပါ။ ဒီနေ့ညမှာ ကစားမယ့်ယူရိုပါလိဂ် စပါတာပရက်နဲ့ပွဲမှာ ဆာလာ ပါလာမလား ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
ပွဲထွက်မပါရင်တောင် အရန်ခုံ မှာတော့ ဆာလာ ရှိနေနိုင်ပါတယ်။ ဒီတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးပွဲမှာတော့ ဆာလာ ပါကိုပါလာပါလိမ့်မယ်။ အရေးကြီးနေတဲ့ အချိန်ကိုက်မှာပဲ ဆာလာ ပြန်လာခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာ ဘာပေ ထွက်တော့မယ်ဆိုတော့ အသင်းရဲ့ တိုက်စစ်အားကိုလျော့မသွားအောင် အားဖြည့်နေတဲ့ သဘောပါပဲ။
Read Moreအဲဒီ(၂)ပွဲဆက်နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရလို့ ကံမကောင်းခဲ့ဘူးလို့လည်း ပြောရပါလိမ့်မယ်။
Read Moreခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။
Read Moreမာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။
Read Moreမန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။
Read More