ဂျက်ဆင် အတွက်ရှိနေပေးတဲ့ ပိုချက်တီနို
--------------------------------
ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှုးသစ် ဂျက်ဆင် ရဲ့ ခြေစွမ်းဟာ ပုံမှန်မရှိဘဲ အနိမ့် အမြင့် အတက်အကျတွေနဲ့ ရှေ့ဆက်နေပါတယ်။ ခြေစွမ်းပြနိုင်တဲ့ ပွဲတွေရှိပေမယ့် ခြေအစွမ်းမပြနိုင်တာက ပိုများနေလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာကလည်း ဆန်းတော့ မဆန်းပါဘူး။
ဒီလိုအနေအထားမျိုးတွေရှိနေပေမယ့် ချယ်လ်ဆီးအသင်းရဲ့နည်းပြပိုချက်တီနို ကတော့ သူ့ရဲ့တိုက်စစ်မှုး ဂျက်ဆင် ကိုကာကွယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။
" သူ့အသက်အရွယ်နဲ့ လိဂ်အသစ်တစ်ခုကို ရောက်လာတဲ့ တခြားတိုက်စစ်မှုးတွေနဲ့ ဂျက်ဆင် ကို ယှဥ်ကြည့်မယ်ဆို သူ့ရဲ့စွမ်းဆောင်ရည်ကို ကြည့်တဲ့အခါ သူက ဂိုးတွေသွင်းနေပါတယ်။ သူက ငယ်ရွယ်ပါသေးတယ်။ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီပါ။ မျှော်လင့်ချက်တွေက ကြီးမားပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီး ပါ။ အပြစ်တင်ချင်ရင်တစ်ယောက်တည်းကို မပြောပဲအားလုံးကိုအတူပြောပါ "
ကစားသမားတစ်ယောက် အနေနဲ့နည်းပြရဲ့ ကာကွယ်မှုကို ရတာတကယ့်ကို ကောင်းပြီး သူ့အနေနဲ့လည်းဒီအနေအထားကြောင့် ရှေ့ဆက်ဖို့အားအင်တွေနဲ့ ယုံကြည်မှုတွေလည်းပိုရလာပါလိမ့်မယ်။ ဒီရာသီမှာတော့ လက်ရှိအချိန်ထိဂျက်ဆင် ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၇)ဂိုး သွင်းယူပေးထားပါတယ်။
ဘိုဝင် ဟာ လက်ရှိမှာ ခြေစွမ်းကောင်းတွေနဲ့ ရှေ့ဆက်နေပါတယ်။
Read Moreအာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read Moreဟယ်ရီကိန်း မရှိတော့တဲ့ စပါးအသင်းက အရင်လိုမဟုတ်တော့တာ အမှန်ပါ။
Read Moreဒီယွန်း က ဒီအရာတွေအားလုံးက အတုအယောင်တွေလို့သာပြောသွားခဲ့ပါတယ်။
Read More