အက်သလက်တီကို မှာပဲ ဆက်ရှိနေမယ့် မိုရာတာ
------------------------------------
ကလပ်အသင်းတွေ တော်တော်များများဟာ အထောင်တိုက်စစ်မှုးစစ်စစ် လိုချင်လာရင် မိုရာတာ ကို ပစ်မှတ်ထားတတ်ကြပါတယ်။ ဒီတော့ အပြောင်းအရွှေ့ကာလရောက်ပြီဆို မိုရာတာ ဟာ အမြဲတမ်း အပြောင်းအရွှေ့သတင်းတွေထွက်ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ အက်သလက်တီကို မှာပဲ မိုရာတာ ဆက်ရှိနေပါလိမ့်မယ်။
လာမယ့် (၂၀၂၄)ခုနှစ် ဇွန်လမှာ မိုရာတာ ဟာ အက်သလက်တွကို အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဘုတ်အဖွဲ့ ၊ နည်းပြဆီမြွန်နီ တို့နဲ့ အနာဂတ်နဲ့ဆိုင်တဲ့ ဆွေးနွေးစကားတွေ ပြောခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အပြီးမှာတော့ မိုရာတာဟာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ဒါကတော့ အက်သလက်တီကိုမှာပဲ ဆက်နေဖို့ပါ။
အက်သလက်တီကို နဲ့ မိုရာတာ တို့ရဲ့စာချုပ်သစ်အတွက် သဘောတူညီမှုကတော့ မကြာခင်မှာ ပြီးဆုံးပါလိမ့်မယ်။ စာချုပ်သစ်ကတော့ (၂၀၂၇)ခုနှစ် ဇွန်လအထိ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ မိုရာတာ ဟာ အက်သလက်တီကိုအသင်းအတွက် ပွဲပေါင်း(၄၅)ပွဲကစားခဲ့ပြီး (၁၅)ဂိုးသွင်းယူခဲ့ပါတယ်။
(၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။
Read Moreအားကိုးရတဲ့အဓိကကစားသမားပြန်လာတာ အားတက်စရာပါ။
Read Moreချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
Read Moreမန်ယူအသင်းဘက်မှာ ကံတရားရှိတယ်ဆိုပေမယ့် ခြေစွမ်းမှာတော့ မန်စီးတီးက ပိုသာပါတယ်။
Read Moreလက်ရှိအခြေအနေတွေအရတော့ ပါလာဖို့နည်းနည်းကြာဦးမယ့် ပုံပါပဲ။
Read More