မန်ယူ က ဒီလောက်ပါပဲ
-------------------------
မန်ယူ ၀ - ၁ ဘိုင်ယန်မြူးနစ်
ဒီပွဲမှာ မန်ယူကောင်းလားဆိုရင် မဆိုးဘူးလို့ပြောရပါလိမ့်မယ်။ ကစားပုံ အဆင်ပြေပါတယ်။ ဒါပေမယ့် ရမှတ်မယူနိုင်ပါဘူး။ ဒါက ဒီရာသီ ချန်ပီယံလိဂ်မှာ မန်ယူအသင်း ဘယ်လိုမှ အဖြေမရှာနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။
ပွဲစတည်းက မန်ယူက ကြိုးကြိုးစားစား ကစားခဲ့ပါတယ်။ ဂါနာချို ဘိုင်ယန်မြူးနစ် ခံစစ်ကို ထိုးဖောက်ရခက်နေပေမယ့် အန်တိုနီ ဘက်အခြမ်းကတော့ ဖိအားပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂေါ်ရက်ကာ ၊ ကင်မစ်ချ် ၊ မူဆီယယ်လာ တို့ ကွင်းလယ်ကလည်း အလွတ်ပေးလို့မရတာကြောင့် မန်ယူအသင်း ခံစစ် ၊ တိုက်စစ် (၂)ခုလုံးကို မျှမျှတတ ကစားရင်း ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းအစကနေ ပွဲချိန်(၆၅)မိနစ်လောက်အထိမှာ ဘိုင်ယန်မြူးနစ်အသင်း ကစားပုံဟာ တော်တော်လေး လျော့တိလျော့ရဲ ဖြစ်ခဲ့ပြီး အမှားတွေလည်းများခဲ့ပါတယ်။ ဒီလိုအချိန်မှာ မန်ယူအသင်းရတဲ့ အခွင့်အရေးကို အမိအရအသုံးချရမှာဖြစ်ပေမယ့် ရလာတဲ့ အခွင့်အရေးတချို့ကိုလည်း ဖြုန်းတီးခဲ့ပါတယ်။ ပွဲအဖြေကို အပြောင်းအလဲလုပ်ဖို့ အရန်ခုံမှာလည်း ဘယ်သူမှရှိမနေတာကြောင့် အဲဒီအချိန်တစ်ခုမှာ ဘိုင်ယန်မြူးနစ်က ပေးလာတဲ့ အခွင့်အရေးကို ဘယ်လိုမှမယူနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ပဲ ဘိုင်ယန်မြူးနစ် ဂိုးရခဲ့ပြီး ပွဲချိန်မိနစ် (၇၀)မှာ ကိုးမန်း က သွင်းယူခဲ့တာဖြစ်သလို ဒီဂိုးမှာတော့ ဗာရန်း ရဲ့ ဘောလုံးတွက်ဆပုံ အမှားသေးသေးလေးက ပေးဆပ်မှုကြီးသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပြတန်ဟက် လည်း ဟန်နီဘယ်လ် ၊ ပယ်လီစ္စထရီ ၊ မိုင်နူး တို့ကိုထည့်ပြီး ရှိတဲ့လူနဲ့ ဖြစ်သလိုလုပ်ခဲ့ပေမယ့် ချေပဂိုးတော့မရတော့ပါဘူး။
တစ်ဖက်မှာ ကိုပင်ဟေဂင် က ဂါလာတာစာရေးကို နိုင်ခဲ့တာကြောင့် ဒီပွဲသရေကျရင် ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပေမယ့် မန်ယူအသင်းက အဲ့လောက်လေးကိုတောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
(၂)သင်းလုံးအတွက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။
Read Moreမန်စီးတီးကတောင် အနိမ့်ပိုင်းရောက်နေတဲ့ အချိန်တွေရှိခဲ့ပြီး အနိုင်ရလဒ်က ကံတရားဖေးမမှုလို့တောင် ပြောလို့ရပါတယ်။
Read More" ဟော့ဂဏန်းမထွက်ပါ "
Read Moreနည်းပြတန်ဟက် ကိုတောင်းပန်လိုက်ရင် အဆင်ပြေမယ့်အရာကို မတောင်းပန်တော့အခြေအနေတွေက ပိုရှုပ်ထွေးကုန်ခဲ့တာပါ။
Read More" မင်းသားတွေရှိခဲ့တဲ့ရက်သတ္တပတ် "
Read More