ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၅)+(၁၆)" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "
⚽⚽⚽⚽
⚽ လူတန်ကို နိုင်တာ ချန်ပီယံကံကြမ္မာတဲ့လား။ ဒီကလန်ရိုက်စ်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်အနိုင်ဂိုးကလည်း ပျော်စရာပါ။ ငါတို့က ဂန်းနား တွေလို့ ကြွေးကြော်ကြသည်ပေါ့။⚽ ဗီလာပတ်မှာတော့ ကြေကွဲမှုသံစဥ်တွေက လွှမ်းခြုံလို့။ ဒါကသာ ပရီးမီးယားလိဂ်ဖြစ်သည် ဆိုတာမှာလည်း ကိုယ်တွေငြင်းချက်မထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်အာဆင်နယ် မှာ မျှော်လင့်ချက်တွေရှိနေတုန်းပါ။
⚽ ချယ်လ်ဆီးကို နိုင်တဲ့ပွဲကပျော်စရာအတိ။ မျှော်လင့်ချက်အတိ။ ရှေ့ဆက်မယ့် စိတ်ကူးအိမ်မက်အတိပေါ့။ ခြေစွမ်းကလည်းအားရစရာ။ အိုးထရက်ဖို့ဒ်ဟာတွမ်မီနေး အတွက်ပါဆိုလည်းနားထောင်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တယ်။⚽ ရိုလာကိုစတာက အပေါ်ပြီးအောက် အလှည့်ပေါ့။ ဒီကောင်တွေက ဒီလိုပဲ။ မျှော်လင့်ချက် ရိုက်ချိုးသူတွေဆိုတဲ့ အသံကလည်း ညံလို့။ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို့ဆိုလာရင် ဒါဟာ မန်ယူအသင်းရဲ့ရှုံးပွဲပါပဲ။ ဒီလိုနဲ့ စနေညက တိတ်ဆိတ်ခဲ့ရပြန်တယ်။
⚽ ရှက်ဖီးလ်ကို (၀-၂) ၊ ပဲလေ့စ်ကို (၁-၂)ဆိုတာတွေက ပုံမှန်ထက်ပိုတဲ့ ရလဒ်တွေပါ။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲ ရမှတ်(၃)မှတ်က အချိန်တိုင်း အရေးကြီးပါတယ်။ဒီကာလမှာ အဝေးကွင်း(၃)မှတ်ဆိုတာပိုလို့တောင် တန်ဖိုးရှိတဲ့ အရာမဟုတ်လား။ ဒီလိုနဲ့ပဲလီဗာပူးလ် လည်း အဆင့်(၁)ဆီ တက်လှမ်းခဲ့သည်ပေါ့။
⚽ ဗီလာဘက်ကို မန်စီးတီး က (၂)ကြိမ်သာကန်နိုင်ခဲ့တယ်ဆိုတဲ့ အထိ ပရီးမီးယားလိဂ်က ခြောက်ခြားစရာဖြစ်ခဲ့တယ်။ (၄)ပွဲဆက် နိုင်ပွဲပျောက်မှုမှာ (၄)နှစ်ဆက်ချန်ပီယံမဖြစ်ကြဘူးဆိုတာက မန်စီးတီးကို ဆီးကြိုလို့။
⚽ ဟာလန်း မပါတဲ့ မန်စီးတီးဟာ ဂိုးမသွင်းတတ်တော့ဘူးတဲ့လား။ လူတန်ကို ဂိုးသွင်းဖို့ သူတို့မှာ အဖြေမဲ့ခဲ့တယ်။အချိန်တန်ရင် မန်စီးတီး က မန်စီးတီးပါပဲ မဟုတ်ဘူး။ (၂)သင်းကြား အရည်အချင်းကွာလို့သာ နိုင်ခဲ့တာ။ မန်စီးတီးမှာ လျှော့ကျမှုတွေရှိနေပြီဆိုတာ လက်ခံကြရတော့မယ်။
⚽ မန်ယူ အပြီး အဲဗာတန်နဲ့ အတွေ့မှာလည်း ထပ်ကျကွဲခဲ့တဲ့ ချယ်လ်ဆီးရဲ့ကံကြမ္မာက ဆိုးဝါးလွန်းတယ်။ အခုလည်း အဆင့်(၁၂)တဲ့။ ဒီအသင်းကဒီလောက်ပဲလား ဆိုတာတွေ ညံနေသလို ဒီအသင်း အားပေးသူတွေမှာလည်း တိတ်ဆိတ်ငြိမ်သက်ကြလို့။မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ်ဆိုပေမယ့် ချယ်လ်ဆီး ဆို အရှုံးဘက်ယိမ်းတယ်ဆိုတာ မှန်းလို့လွယ်နေခဲ့တယ်။
နိုင်ပွဲလိုအပ်နေတဲ့ မန်ယူအသင်းကတော့ ပွဲစတာနဲ့ ချယ်လ်ဆီးကို ဆက်တိုက် ဆိုသလို တိုက်စစ်ဆင်ကစားခဲ့တာပါ။
Read Moreဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read Moreဘယ်နောက်ခံနေရာပါ ကစားနိုင်တော့ သူ့ကိုပိုင်ဆိုင်ထားတာကကစားသမား (၂)ယောက်လောက်ကို ပိုင်ဆိုင်ထားရသလိုပါပဲ။
Read Moreနောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။
Read Moreနေမာ ဆော်ဒီမှာ ပိုက်ဆံတွေ ဘယ်လောက်ရမလဲဆိုတာကို ခဏမေ့ထားလိုက်တာပိုကောင်းမယ်။
Read More