လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး

Published 1 year ago by Bawlonelive

လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး

----------------------------- 

လူတန် ၁ - ၂ မန်စီးတီး 

မန်စီးတီးအသင်း ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာမယ့်ပွဲလို့ ထင်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ နိုင်ပွဲရအောင်တော်တော်လေး ကြိုးစားခဲ့ရတာပါ။ အသင်းရဲ့ အဓိက တိုက်စစ်မှုး ဟာလန်း မပါခဲ့လို့ ဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အားရစရာမကောင်းခဲ့ပါဘူး။ လူတန်ကတော့ သူ့အလုပ်သူ အကောင်းဆုံးလုပ်သွားပြီး မန်စီးတီးကို အခွင့်အရေးမရအောင် နေရာစုံပိတ်ကစားသွားသလို ဘောလုံးရလာရင် ရတဲ့ အခြေအနေကနေ တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။ 

လူတန်ရဲ့ ကစားပုံကြောင့် မန်စီးတီး ထိုးဖောက်ရခက်နေခဲ့ပြီး အဝေးကန်ချက်တွေကိုသာ ပထမပိုင်းမှာမြင်ခဲ့ရပါတယ်။ ဘယ်ခြမ်းက ဂဘာဒီအော် ရဲ့ တိုက်စစ်လိုက်ပါကစားပုံ အားနည်းတာတွေကြောင့်လည်း ဖိုဒန် နဲ့ ဂယ်ရီလစ်ချ် တို့ ရုန်းပေမယ့် အတွဲအဖက်က မိမနေပါဘူး။ ပထမပိုင်းပြီးခါနီးမှာတော့ လူတန်အသင်း တန်ပြန်တိုက်စစ်ကနေ အခွင့်အရေး ရသွားပြီး တောင်ဆန် တင်ပေးလိုက်တဲ့ ဘောလုံးကို အဒီယာယို က ပွဲချိန်(၄၅+၂)မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းယူကာ ပွဲကိုဦးဆောင်စေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ မန်စီးတီး ဂိုးတွေရဖို့ကြိုးစားနေပေမယ့် ခက်ခဲနေတုန်းပါပဲ။ ဒါပေမယ့် မန်စီးတီးဘက်မှာ ကံတရားကရှိခဲ့ပြီး ပွဲချိန် (၆၂)မိနစ်မှာ ကန်ခွင့်တစ်ကြိမ်ရခဲ့တဲ့ အနေအထားကို ဘာနာဒိုဆေးဗားလ် က ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ပွဲချိန် (၆၅)မိနစ်မှာတော့ မန်စီးတီး အနိုင်ဂိုးရခဲ့ပြီး လူတန်အသင်းရဲ့ အမှားကနေ တစ်ဆင့်ချင်းစီ တွဲလုံးတွေနဲ့ ရလာတဲ့အခွင့်အရေးကို ဂယ်ရီလစ်ချ် က ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမိနစ်တွေမှာတော့ မန်စီးတီးအသင်း နူနက်စ် ၊ အကန်ဂျီ တို့ကိုထည့်ပြီး ပွဲထိန်းကာ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူကပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို ပြီးဆုံးစေခဲ့ပါတယ်။

ဂွါဒီယိုလာ ရဲ့ အခက်အခဲ

ဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၄)

" ၂၀၂၄ မန်ယူ နဲ့ ဒါဇင်ဝက် အာဆင်နယ် " 

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၇)

" ဟော့ဂဏန်းမထွက်ပါ "

Read More
ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

ဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။

Read More
ဒဏ်ရာကြောင့် နားရမယ့် အဲရစ်ဆင် နဲ့ ဟွိုင်းလွန်

လူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...

Read More