ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၄)
" ၂၀၂၄ မန်ယူ နဲ့ ဒါဇင်ဝက် အာဆင်နယ် "
⚽⚽⚽⚽
⚽ မန်စီးတီး က အဲဗာတန်ကို ဂိုးရဖို့ ခက်နေတယ်။ ဒါပေမယ့် အချိန်တန်ရင် မန်စီးတီးပဲ နိုင်ဦးမယ်ဆိုတာအားလုံးက သိနေပြီးသား။ ဒါကမန်စီးတီး ဆီမှာရှိနေကြတဲ့ ယုံကြည်မှုတစ်ခုပဲ။ ဒီလို ယုံကြည်မှုကိုရဖို့ နှစ်တွေအများကြီးရင်းထားခဲ့ရတာ။ပွဲပြီးတော့ (၂-၀)။ ဟာလန်း က ပွဲအဖြေကို ပြောင်းလဲခဲ့ပြီး ပွဲပြီးခါနီးမှာ (၂)ဂိုးသွင်းခဲ့တယ်။
⚽ ပြိုင်ဘက်က ဘန်လေဆိုတာကို ခဏမေ့ထားလိုက်။ ဒါဆို ဆာလာ မပါလဲ ဒီအသင်းတိုက်စစ်ကတော်တော်အလုပ်ဖြစ်တာပဲလို့တွေးမိသွားလိမ့်မယ်။ ဂျိုတာ ၊ ဒီယက်ဇ် ၊နူနက်ဇ် တို့ရဲ့ဂိုးတွေနဲ့ လီဗာပူးလ် နိုင်ပွဲရတယ်။ အမှတ်ပေးဇယားကိုဆက်ပြီး ဦးဆောင်ခဲ့တယ်။
⚽ အာဆင်နယ် အဝေးကွင်းမှာ ဝက်စ်ဟမ်းကို (၆)ဂိုးသွင်းနိုင်မယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် အာဆင်နယ် က(၆)ဂိုးသွင်းခဲ့ပါတယ်။ ဘောလုံးမှာ ဒီလိုမျိုးပွဲတွေရှိတတ်တယ်ဆိုပေမယ့် အာဆင်နယ် က ကောင်းလွန်းလို့ကို (၆)ဂိုးသွင်းခဲ့တာပါ။ အိုဒီဂတ် က ရာသီအစက အိုဒီဂတ်ပြန်ဖြစ်လာချိန်မှာ ဆာကာ ကလည်း ဆာကာ ပြန်ဖြစ်လာပါတယ်။ ဒါဇင်ဝက် အာဆင်နယ် တို့ ချန်ပီယံဖြစ်နိုင်ပါတယ်။
⚽ ၂၀၂၄ ခုနှစ်က မန်ယူရဲ့ နှစ်လားလို့ပြောရလောက်အောင် ရလဒ်ကောင်းတွေကဆက်တိုက်။ လူပြန်စုံလာတဲ့အချိန်မှာ မနှစ်က မန်ယူကိုပြန်မြင်လာရသလိုပါ။အိုနာနာ ငြိမ်လာတယ်။ ဟွိုင်းလွန် ဂိုးတွေရတယ်။ ဒီတော့အသင်းက ပိုတောင့်တင်းပြီးကောင်းလာတယ်။ မက်ဂွိုင်းယား ကလည်း အဆင့်တစ်ခုကိုအမြဲပြန်ရသွားချိန်မှာ တွမ်မီနေး ကကယ်တင်ရှင်အဖြစ်အသုံးတော်ခံတယ်။ မန်ယူဟာ မျှော်လင့်လို့ရတဲ့ အသင်းအဖြစ်ရှိနေပါသေးတယ်။
ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read More" ပရီးမီးယားလိဂ်မှာ လိုချင်တဲ့ ရလဒ်တွေရှိလား "
Read MorePSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။
Read More" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "
Read More