မန်စီးတီး - စပါး ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

မန်စီးတီး - စပါး 

Super Sunday ည (11:00) နာရီ 

မန်စီးတီးအသင်းကတော့ ကောင်းတယ်ဆိုတဲ့ အရာကိုပဲ ပြောရပါလိမ့်မယ်။ ဒါပေမယ့် ချယ်လ်ဆီး ၊ လီဗာပူးလ် တို့ကို (၂)ပွဲဆက်သရေကျထားတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဒီပွဲကိုနိုင်မှဖြစ်ပါလိမ့်မယ်။ အရန်အင်အားနည်းနေချိန်မှာ ပုံစံမပျက်ရှေ့ဆက်နေတဲ့ အသင်းရဲ့ပုံစံကိုလည်းချီးကျူးရပါလိမ့်မယ်။ ဒီ(၂)သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲမှာ စပါးက (၃)ပွဲထိနိုင်ထားလို့ ဒီအခြေအနေကနေလည်း မန်စီးတီးပြန်လာနိုင်ဖို့လိုပါတယ်။ 

စပါးက ပရီးမီးယားလိဂ်(၃)ပွဲဆက် ရှုံးအပြီးမှာ စပါးက စပါးပါပဲဆိုတာ ဖြစ်သွားခဲ့ပါပြီ။ ဒဏ်ရာတွေထိုးနှက်တယ်ဆိုပေမယ့် ခြေစွမ်းကလည်း ကျသွားခဲ့တာပါ။ ဒီရာသီမှာ ထိပ်သီး(၄)သင်းစာရင်း ဝင်ရင်ပဲ အောင်မြင်တာပါပဲ။ ချယ်လ်ဆီး ၊ ဝုလ်ဗ် ၊ ဗီလာ တို့ကိုဆက်တိုက်ရှုံးထားတဲ့ စပါး အိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို ယှဥ်ဖို့ဆိုတာကမလွယ်ကူပါဘူး။ မန်စီးတီးနဲ့တွေ့ရင် စပါးရလဒ်ကောင်းတဲ့ အချိန်တွေပြီးသွားပြီလို့မြင်ပါတယ်။ 

ဒီပွဲရဲ့ ခန့်မှန်းချက်ကတော့ ရှင်းပါတယ်။ မန်စီးတီး အနိုင်ပါပဲ။ (၃-၀)လို့ ခန့်မှန်းထားပါတယ်။

တည်ငြိမ်တဲ့ ပုံစံကိုအရင်ရှာဖွေရမယ်

ယိုရို က လူစားဝင်လောက်သာအဆင်ပြေနေသေးပြီး သူ့အတွက်နေရာတစ်ခုစမ်းချင်ရင်တော့ ဖလားပွဲတွေ နဲ့ ဖိအားသိပ်မရှိတဲ့ ယူရိုပါလိဂ်ပွဲတွေမှာသာ စမ်းသင့်ပါတယ်။

Read More
ဘရိုက်တန် ဆိုတာနဲ့ ရှုံးတဲ့ မန်ယူ

ပြောရမယ်ဆို တန်ဟက် ခေါင်းမာမှုကိုလျော့သင့်ပါပြီ။

Read More
ဒဏ်ရာကနေပြန်လာတဲ့ အန်ကွန်ကူ

ဒါဟာ လက်ရှိမှာ ခြေစွမ်းပိုင်းအတက်အကျ ပုံမှန်မရှိတဲ့ ချယ်လ်ဆီးအသင်းအတွက် အားရစရာအခြေအနေတစ်ခုပါပဲ။

Read More
ဂါလာတာစာရေး ကို ပြောင်းရွှေ့ခဲ့တဲ့ အီကာဒီ

ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။

Read More
ဒီ (၂)သင်းအတွက် စောလွန်းတယ်

ထွက်ပေါ်နေတဲ့ ပွဲစဥ်တွေကလူစိတ် ဝင်စားစရာအတွဲတွေဆိုပေမယ့် စပိန် - ဂျာမနီ တွေ့ဆုံမှုကိုတော့ ကျော်နိုင်ကြမယ် မထင်ပါဘူး။

Read More