ဘရိုက်တန် ဆိုတာနဲ့ ရှုံးတဲ့ မန်ယူ
-----------------------------------
မန်ယူ ၁ - ၃ ဘရိုက်တန်
ဒီပွဲမှာ တွမ်မီနေး ၊ ကက်စ်မဲရိုး ၊ အဲရစ်ဆင် ကွင်းလယ်ဟာ ရှုံးပွဲရဲ့ အဓိကအကြောင်းပါ။ ဖာနန်ဒက်စ် ကို ညာခြမ်းပို့ချင်တာနဲ့ ဇွတ်လုပ်ထားတဲ့ တန်ဟက်ရဲ့ ကွင်းလယ်ပေါ့။ ကက်စ်မဲရိုး က ကျသွားပြီ။ ဒါပေမယ့် အမ်မရာဘတ် နဲ့ ရံရင်တော့ အဆင်ပြေနိုင်သေးပါတယ်။ တွမ်မီနေး က လုံးဝသုံးစားလို့ မရသလို အဲရစ်ဆင် က ပွဲပြီးခါနီး ပွဲထိန်းရုံလောက်သာ သုံးနိုင်တဲ့ ကြံခိုင်မှုပဲ ရှိပါတော့တယ်။
ဒီတော့ အချိန်ကြာလာတာနဲ့ လိုအပ်ချက်တွေများလာတယ်။ ကွင်းလယ် က တိုက်စစ်ကို ဘာမှမပံပိုးပေးနိုင်သလို ဗဟိုခံစစ်ကိုလည်း ပိုဗျာများစေပါတယ်။ နောက်တစ်ခုက အိုနာနာ ပါ။ ဒီထက်ပိုပြီး ဂိုးပေါက်မှာ အသင့်အနေအထားရှိသင့်နေပါပြီ။ တန်ဟက် သာ လုပ်ရဲရင်တော့ ပွဲထွက်စာရင်းမှာ ခဏလောက်ချန်ထားသင့်ပါတယ်။ အခုက ဘုန်းတန်ခိုးရှင် အိုနာနာ ဖြစ်နေပါပြီ။
တိုက်စစ်မှာ ရက်ရှ်ဖို့ဒ် လည်း တစ်ကိုယ်ကောင်းဆန်တာတွေများသလို ဟွိုင်းလွန် ကို မာစီယဲလ် နဲ့ လူစားလဲခဲ့တဲ့ တန်ဟက် ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အံသြရပါတယ်။ ဘရိုက်တန် က သူ့အလုပ်သူ လုပ်သွားတာဖြစ်ပြီး ဘရိုက်တန်ကောင်းတာထက် မန်ယူကိုက ညံခဲ့တာပါ။ လက်ရှိအနေအထားက ဘယ်ပရီးမီးယားလိဂ်အသင်းမဆို မန်ယူကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။
ဘရိုက်တန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဝဲလ်ဘတ် ၊ ဂရော့စ် နဲ့ ပတ်ဒရို တို့က ပွဲကစားချိန် (၂၀ ၊ ၅၃ နဲ့ ၇၁)မိနစ်တွေမှာ သွင်းယူခဲ့တာပါ။ မန်ယူအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၇၃)မိနစ်မှာ ဟန်နီဘယ်လ် က သွင်းယူခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆို တန်ဟက် ခေါင်းမာမှုကိုလျော့သင့်ပါပြီ။ လက်ရှိအသင်းက ရှင်းစရာရှိတာတွေရှင်းပြီး အသင်းသစ်တစ်သင်းပုံဖော်နေတဲ့ ကြားကာလတစ်ခုကို ရောက်နေတာပါ။ ဒီလိုအချိန်မှာ ခေါင်းဆက်မာနေရင်တော့ နည်းပြရာထူးဆုံးရှုံးရနိုင်ပြီး သူတည်ဆောက်ထားတဲ့ အသင်းကို တခြားနည်းပြက အဆင်သင့် ဆွဲစားသွားပါလိမ့်မယ်။
ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။
Read Moreရီးယဲလ် ရဲ့ချန်ပီယံလိဂ်ကံကိုဘယ်အသင်းမှ မမီပါဘူး။
Read Moreခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေယူနေပြီး လူသစ်တွေနဲ့ အသွင်သစ် ချယ်လ်ဆီးကို သူဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
Read Moreဆန်ချို က မတောင်းပန်တော့ အသင်းမှာ မသုံးတော့တာ ဘာမှမဆန်းပါဘူး။
Read Moreပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။
Read More